ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၆/ ၂၀၂၀
ရခိုင်ပြည်နယ်အစိုး၇မှ ကျပ်သိန်းပေါင်း ၁၂၀၀ အသုံးပြုပြီး CCTV လုံခြုံရေး ကင်မရာများကို စစ်တွေမြို့ရှိ အများနှင့် သက်ဆိုင်သော နေရာများတွင် တပ်ဆင်လိုက်ပြီဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတဲ့အတွက်ကြောင့် အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဖြစ်တဲ့ မှုခင်းကိစ္စတွေကို ကျွန်တော်တို့ အချိန်နဲ့ တပြေးညီ အလွယ်တကူ သိရှိနိုင်တယ်။ အဲဒီ ကင်မရာတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် ငွေ ကျပ်သိန်း ၁၂၀၀ လောက်နဲ့ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
၄င်းလုံခြုံရေး ကင်မရာများအား စစ်တွေမြို့အတွင်း မည်သည့်နေရာတို့တွင် တပ်ဆင်ထားသည်ကို လုံခြုံရေးအရ မပြောပြလိုသော်လည်း အများပြည်သူနှင့်ဆိုင်သည့် နေရာတို့တွင် တပ်ဆင် ထားကြောင်း၊ အများနှင့် သက်ဆိုင်သည့် နေရာများတွင် ဖြစ်ပွားသည့် မှုခင်းများအား အလွယ်တကူ သိနိုင်ကြောင်း စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
၎င်းပြင် ဝန်ကြီးက “ လုံခြုံရေး ကင်မရာက ကျွန်တော်တို့ တပ်ဆင်ပြီးနေလို့ အခု နောက်ထပ် ပြင်ဆင်စရိတ်တောင်မှ ထပ်ပြီး တင်နေရပါတယ်။ တင်ရတယ်ဆိုတာက ဒီလိုပါ။ လိုအပ်တဲ့ လုံခြုံရေး ကင်မရာ အချို့တွေကျတော့ စက်ပစ္စည်းဆိုတာ ချွတ်ယွင်းတတ်တဲ့ သဘောလေးတွေ ရှိတယ်လေ။ အဲဒီအတွက် ဘတ်ဂျက်တောင်မှ ထပ်ထည့်နေရသေးတယ်။” ဟု ရခိုင်ပြည်နယ် အစိုး၇အဖွဲ့မှ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက လုံခြုံရေး ကင်မရာများအား တပ်ဆင်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် လုံခြုံရေး ကင်မရာများအား စစ်တွေမြို့အတွင်း အများနှင့်သက်ဆိုင်သည့် နေရာတို့တွင် တပ်ဆင်ပြီးဖြစ်ကြောင်း သိ၇သည်။
စစ်တွေမြို့အတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလက စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် အေးယား မန္တလေး လေယာဉ် လက်မှတ်အရောင်းဌာနရှေ့အရောက်တွင် အမည်မသိ သေနတ် သမား တချို့က သေနတ်ဖြင့် ၃ ချက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ အေးငြိမ်းကုမ္ပဏီပိုင်ရှင်အပါအဝင် လူ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြပြီး တရားခံအား ဖမ်းမမိသေးကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ သိ၇သည်။
----------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၆/ ၂၀၂၀