ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေ ရွှေမင်းဂံတံတားအနီး စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

သန့်မြတ်ခိုင်၊ ချစ်အိလှိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၈/၂ဝ၂0

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရွှေမင်းဂံတံတားအနီး ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက တပ်မတော် ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခံ့ရသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်တွေမြို့နယ် ကျေးတောအပိုင် ရွှေမင်းဂံ နေဗီဆိပ်ကမ်းဟောင်းတွင် ရပ်တန့်တားသည့် ဇက်သင်္ဘောမှ ရိက္ခာများတင်ဆောင်ပြီး ပြန်လာသည့် တပ်မတော်ယာဉ်တန်းသည် ရွှေမင်းဂံတံတားအနီးအရောက်တွင် ထိုသို့ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရွှေမင်းဂံကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

“အခုတော့ သူတို့အဲဒီပေါက်တဲ့နေရာမှာ မိုင်းရှာနေကြတယ်ထင်တယ်။ စစ်သားတွေပါ၊ ရဲတွေပါရောက်နေကြတယ် အဲဒီနေရာကို။ ရွာကိုတော့ ဝင်ပြီးစစ်တာမရှိသေးဘူး။”ဟု ၄င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူနှင့် ကားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟုလည်း သိရသည်။
ရွှေမင်းဂံကျေးရွာမှ ရှင်ပြုအလှူပွဲသို့ သွားကြသူများလည်း ထိုမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် လှည့်ပြန်ခဲ့ရကြောင်း ထိုနေရာအနီးမှ ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အားသိရှိရန် နိရဥ္စရာသတင်းဌာနမှ သတင်း သွားရောက်ယူခဲ့သော်လည်း လက်ရှိတွင် မိုင်းပေါက်ကွဲခဲ့သည့်နေရာအနီး မည်သူမျှ ဖြတ်သွားဖြတ်လာမလုပ်ရဘဲ ပိတ်ထားသည်ကိုတွေ့ရသည်။

ဓာတ်ပုံ - Sa Kermien

-------------------------------

Unicode:








ဓာတျပုံ - Sa Kermien

ဆက်စပ် သတင်းများ