Preview

ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စောင့်ကြည့်လူနာ နှစ်ဦး ထပ်မံတွေ့ရှိ

ဖေဖော်ဝါရီ ၁၁/ ၂၀၂၀ | ကြည့်ရှုသူ :2908
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈ /၂၀၂၀

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် စောင့်ကြည့်လူနာ နှစ်ဦး ထပ်မံ တွေ့ရှိ ထားကြောင်း သိ၇သည်။

၄င်းတို့လူနာနှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင်တစ်ဦးနှင့် မောင်တောမြို့နယ်တွင် တစ်ဦးတို့ဖြစ်သည်။

၄င်းတို့သည် တရုတ်မှပြန်လာပြီးနောက် ဖျားနာရာမှ ကိုရိုနာဗိုင်းရစ်ပ် စောင့်ကြည်လူနာအဖြစ် စောင့်ကြည့်ခံနေရခြင်းဖြစ်သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက “သံသယလူနာအဖြစ် စောင့်ကြည့် ထားတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ မရှိဘူး။ သူက တရုတ်နိုင်ငံ မိုင်းလား မြို့က လာတာဖြစ်တယ်။ သူရောက်တာတော့ တစ်ပတ်လောက်ရှိပြီ။ သူကတော့ ရိုးရိုးသာမန် ဖျားတာလောက်ပါပဲ။ ဒါပေမယ့် တရုတ်ကလာတဲ့လူဖြစ်လို့ ကျနော်တို့က သူ့ကို ဒီနေ့သွားယူပြီး သီးသန့်ခန်းနဲ့ စောင့်ကြည့်ထားတယ်။ သူ့သွေးတွေကိုတော့ ကျနော်တို့က အထက်အဆင့် ပိုထားတယ်။ သူ့သွေးတွေမှာ ပိုးရှိလား၊ မရှိလားဆိုတာကိုသိရအောင် ကျနော်တို့ ရန်ကုန်အထိ ပို့ပေးမှာဖြစ်တယ်”ဟု ပြောသည်။

အလားတူ မောင်တောမြို့နယ် ကံသာယာအထက်ကျေးရွာမှ အမျိုးသားတစ်ဦးသည်လည်း တရုတ်နိုင်ငံမှ မိမိနေရပ်သို့ မူဆယ်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာပြီးနောက် ဖျားနာ လာသည့်အတွက် ပြင်ပလူနာအနေဖြင့် စောင့်ကြည့်နေရသည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တော စိုးဝင်းပိုင်က “ကိုရိုနာဗိုင်းရစ်ပ် သံသယလူနာအဖြစ်တော့ ကျနော်တို့ မသတ်မှတ်သေးဘူး။ တရုတ်ပြည်က ပြန်လာတဲ့လူမို့လိုပါ။ သံသယနဲ့ မကိုက်ညီသေးတဲ့အတွက် သံသယလူနာလို့တော့ မသတ်မှတ်သေးဘူး”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ဆေးရုံတွင် သံသယရှိလူနာတစ်ဦးကို စောင့်ကြည့်ခဲ့သော်လည်း ၄င်း၏ကျန်းမာရေးမှာ တိုးတက်ကောင်းမွန်နေပြီဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့၊ နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနှင့် စောင့်ကြည့်လူနာ စုစုပေါင်း ၁၀ ဦးအထိရှိလာပြီဟုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက မီဒီယာများကိုပြောဆိုထားသည်။

ကိုရိုနာဗိုင်းရစ်ပ် (ခေါ်) ဝူဟန်ဗိုင်းရစ်ပ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၉၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါရောဂါကြောင့် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် သေဆုံးသူ ၇၂၅ ဦးရှိသွားပြီဟု သိ၇သည်။

------------------------

Unicode:


နိရဉ်စရာ၊ ဖဖျောဝါရီ ၈ /၂၀၂၀











#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.