Preview

ရသေ့တောင်မြို့ပေါ်တွင်ပစ်ခတ်သံများကြားရပြီးနောက် လူနေအိမ်အချို့ပေါ် သေနတ်ကျည်ထိမှန်

ဖေဖော်ဝါရီ ၁၂/ ၂၀၂၀ | ကြည့်ရှုသူ :4758
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၁ /၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်တွင် ယနေ့ညဉ့်အချိန်က ပစ်ခတ်သံများကြားရပြီးနောက် မြို့ပေါ်လူနေအိမ်အချို့ကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညဉ့် ၁ နာရီကျော်ခန့်တွင် ရသေ့တောင်မြို့ပေါ်တွင် ပစ်ခတ် သံများထွက်ပေါ်ခဲ့ပြီးနောက် မြို့ပေါ်ရှိ အရှေ့မြောက်ရပ်ကွက်နှင့် အရှေ့တောင် ရပ်ကွက် တို့ရှိ နေအိမ် ၅ ဆောင်ခန့်တွင် ကျည်ထိမှန်၍ ခေါင်မိုးနှင့် နံရံများပျက်စီးသွားခဲ့သည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူများက ပြောသည်။

ရသေ့တောင်မြို့ခံတစ်ဦးက “ပစ်သံကတော့ နှစ်ဖက်ပစ်သံလားဆိုတာတော့ မသိဘူး။ အချက်ကို ရေတွက်လို့တောင်မရဘူး ပစ်တာ။ ကျွန်တော်တို့လည်း အိမ်အောက်ကို ဆင်းပြေးကြတယ်။ အရှေ့မြောက်ရပ်ကွက်နဲ့ အရှေ့တောင်ရပ်ကွက်တွေက အိမ်တွေမှာ ခေါင်မိုးတွေနဲ့ ခြံဝင်း ထဲတွေမှာ ကျည်ဆံထိမှန်ခဲ့တယ်။ မနက်ကအဲဒီအိမ်တွေကို သွားကြည့်သေးတယ်။ ကျည်ခွံတွေ တွေ့တယ်”ဟု ပြောသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း နေအိမ်အချို့ကို ကျည်ထိမှန်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရသေ့တောင်မြို့အနီးတွင် ယနေ့ ညဉ့်အချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ပြောသည်။

“ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တာမရှိဘူး။ မြန်မာစစ်တပ်ဘက်က လွန်ခဲ့တဲ့ ညကနေပြီးတော့ တိုက်ပွဲအတု ဖန်တီးပြီးတော့မှ မြို့တွင်းဘက်ကို သူတို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာရှိတယ်လို့သိရတယ်။ အဲဒါ သူတို့ဟာ သူတို့ ဒေသခံတွေကို စိုးရိမ်ကြောက်လန့်ပြီးတော့မှ နေအိမ်တွေက မောင်းထုတ်ချင်တဲ့အတွက်ကြောင့် အဲဒီလိုလုပ်တာဖြစ်နိုင်တယ်။ တစ်ဘက် မှာလည်း အင်တာနက်ပိတ်ပြီးတော့ သတင်းအမှောင်ချပြီး ဒေသခံတွေအိမ်တွေကို မီးရှို့ပြီး မြေလှန်စနစ်ကျင့်သုံးနေတာ တွေ့ရတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာသတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများသည်လည်း ဘူးသီးတောင်မြို့နယ်ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေးသွားခဲ့ကြောင်း သိ၇သည်။

ဓာတ်ပုံ - ရသေ့တောင်မြို့ပေါ်အားတွေ့၇စဉ်။

---------------------------

Unicode:


နိရဉ်စရာ၊ ဖဖျောဝါရီ ၁၁ /၂၀၂၀










#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.