ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၁/၂၀၂၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးအား AA အဖွဲ့က မီးရှို့ဖျက်ဆီးသွားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အပေါ် ရက္ခိုင့်တပ်တော်(AA)က ငြင်းဆိုလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရက်ခုံတိုင်ကျေးရွာ(ဒေသအခေါ် တံခွန်တိုင်)သို့ ရောက်ရှိစဉ် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၈၀ လုံးနှင့် ၎င်းတို့အနက်မှ မီးရှို့ခံထား၇သည့် နေအိမ် ၁၀ လုံးအား တွေ့ရှိရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ Baigish တံဆိပ်ပါ မှန်ပြောင်း ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ဂေါ်ပြား ၁၂ ချောင်း၊ AA ဘက်တံဆိပ် ၁ စုံနှင့် ၁ ပေ ပတ်လည် AA အလံ ၁ ထည်တို့အား သိမ်းဆည်း ရမိခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “အဲဒီ ကိစ္စကတော့ သူခိုးက လူပြန်ဟစ်တာ။ အဲဒီဟာ မြန်မာ့တပ်မတော်က နေပြီးတော့ ရွာသားတွေ မရှိခိုက်မှာ အိမ်တွေကို တက်ပြီးတော့ ဖောက်ထွင်းခိုးယူမှုတွေ လုပ်ခဲ့တာ။ နောက်ပြီးလို့ရှိရင် ရွာတွေကို မီးရှို့တာ။ အခုဒီရက်ပိုင်းမှာ မြန်မာစစ်တပ်က မြေလှန်စနစ်ကျင့်သုံးနေတယ်”ဟု ဦးခိုင်သုခက နိရဥ္စရာသို့ ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မြန်မာစစ်တပ်ဟာ သတင်းလက်ဦးမှုယူပြီး သူတို့ပိုင်တဲ့မီဒီယာတွေဆီကတဆင့် သတင်းမှားတွေကို ထုတ်ပြန်နေတာပါ”ဟု တုံ့ပြန်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မ၇ခဲ့ပါ။
-----------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၁၁/၂၀၂၀