Preview

ဘူးသီးတောင်မြို့နယ်မှ အမက မူလွန်စာသင်ကျောင်းတစ်ခုထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းသား ၂၁ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :2373
ရခိုင် သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ အမက မူလွန်စာသင်ကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းသား ၂၁ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ခမွေချောင်းကျေးရွာသည် ခမီ ကျေးရွာတစ်ရွာဖြစ်ပြီး ဒဏ်ရာရရှိသွားသည့် ကျောင်းသားများမှာ ခမီလူမျိုး ကျောင်းသားဖြစ်ကြောင်းသိ၇သည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က စညှင်းဝေအုပ်စု ခမွေချောင်းကျေရွာ စာသင်ကျောင်းအတွင်း စာသင်နေစဉ် ကျောင်းခေါင်မိုး အလယ်တည့်တည့်သို့ လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲ မှုကြောင့် ကျောင်းသားများ ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ယင်းကျောင်းမှ ကျောင်းဆရာ ဦးသာအေးမောင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“ကျနော်တို့မှာ ၉ နာရီခွဲကပင်ကျောင်းတက်ပါတယ်။ ကျောင်းတက်နေတဲ့အချိန် ၁၀ နာရီ ခွဲလောက်မှာ ကျပါတယ်။ ကျောင်းအလယ်တည့်တည့်ကိုကျတာပါ။ လက်နက်ကြီးက တောင်ဘက်ကနေ လာပါတယ်။ အခုကလေးတွေကို ဆိုင်ကယ်တွေနဲ့ ဘူးသီးတောင်ကိုယူလာဖို့ လုပ်နေကြပါတယ်” ဟု ၎င်း ကျောင်းဆရာက ပြောသည်။

ခမွေချောင်းစာသင်ကျောင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကျောင်းသားများ ဒဏ်ရာရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ယနေ့ နံနက် ပိုင်းကစတင်ပြီး ကမ်းပိုင်ချောင်း ကျေးရွာအရှေ့ဘက် အုတ်တောင်ကျေးရွာနှင့် ခမွေချောင်း ကျေးရွာ ကြား တစ်မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲမှာ တနာရီခန့်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်ဟု ခမွေကျေးရွာသားများ ပြောသည်။

“ကျောင်းသားနာမည်တွေကိုတော့ လတ်တလောရနိုင်ဖို့မဟုတ်ပါ။ အခု ဒဏ်ရာရသူတွေကို ဆေးရုံကို ချယူဖို့ အလုပ်များနေလို့ပါ။ ကျနော်တို့ရွာနဲ့ ကမ်းပိုင်ချောင်းကြားမှာ တိုက်ပွဲ ဖြစ်နေတာတော့ ကြားပါတယ်။ မနက် ၉ နာရီကနေစဖြစ်တာပါ။ အခုရပ်သွားတာ မိနစ် ၂၀ လောက်ပဲရှိသေးတယ်” ဟု ယနေ့ နံနက် ၁၀ နရီ ၅၀ မိနစ်က ဆက်သွယ်မေးမြန်းစဉ် ခမွေချောင်း ကျေးရွာမှ ဦးကျော်သာခိုင်က ပြောသည်။

ခမွေချာင်း ကျေးရွာ အမက မူလွန် စာသင်ကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၆၀ ကျော်ရှိပြီး ယင်းအထဲမှ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကျောင်းသား/သူ  ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း၊ ယင်းအထဲတွင် ဒဏ်ရာပြင်ထန်သည့် ကျောင်းသူ တစ်ဦးလည်း ပါရှိကြောင်း၊ လက်ရှိတွင် ဘူးသီးတောင်ဆေးရုံသို့ ယူလာနေကြောင်း ယင်းကျောင်းမှ ကျောင်းဆရာတစ်ဦးက ပြောသည်။

-----------------------------

Unicode:











#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.