Preview

မင်းပြားမြို့နယ်တွင် လူငယ်တစ်ဦး လက်နက်ကြီးကျည်ကျ၍ သေဆုံး

ဖေဖော်ဝါရီ ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :8618
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော် (ဖားပြို)ကျေးရွာမှ လူငယ်တစ်ဦး ယနေ့ နေ့လယ် ၁ နာရီ ခွဲခန့်တွင် တောထဲက ထင်းခုတ်ပြီးပြန်လာစဉ် လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရ သေဆုံးသွားသူမှာ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာမှ ဦး မောင်စံဖြူနှင့် ဒေါ် ညိုအေးယေ တို့၏ သား မောင် င/လုံးချေ(၁၆)နှစ် ဖြစ်ကြောင်းသိရသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန်းရွှေ(ခေါ်)အမ်းသားကြီးက  “တောထဲမှာ ထင်းခုတ်ပြီး ပြန်လာတဲ့အချိန် ဖြစ်သွားတာ။  ဒီနေ့တိုက်ပွဲတွေ ဖြစ်တာလည်းမရှိဘူး။ ဒိုင်း ဆိုပြီး အသံကြားလို့ နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ သူ့တစ်ကိုလုံးမီးလောင်နေတာမြင်ရတယ် ဆိုပြီးတော့ သူနဲ့အတူတူပါသွားတဲ့ တစ်ယောက်က ပြောတယ်” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

မောင်င/လုံးချေမှာ ရင်ဘတ်၊ မျက်နှာနှင့် လက်တို့တွင် ဒဏ်ရာအပြင်းအထန်၇ပြီး သေဆုံး သွားသည်ဟု ၄င်းကဆက်ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

ဦးလှသိန်းအောင်က “တောကိုသွားရင်းနဲ့ လက်နက်ကြီးကျတယ်လို့ကြားတယ်။ ဘယ်သူမှ အတိအကျ မမြင်ဘူးလေ။ ဒီကတစ်ယောက်က သွားကြည့်တဲ့အချိန်မှာ တစ်ကိုယ်လုံးမဲတူးနေပြီလို့ ပြောတယ်။ အဲဒီဖားပျော်ရွာအရှေ့ဘက်တောင်တန်းနားမှာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ၇သေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံစသည့် မြို့နယ်များ အပါအဝင် ချင်းပြည်နယ် ပလက်၀မြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ အင်တာနက် လိုင်းများကို ပြန် ဖြတ်တောက်၍အပြီးတွင် တိုက်ပွဲများပြင်းပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ဒေသခံ များလည်း ထိခိုက် ဒဏ်ရာရမှုများ၊ သေဆုံးမှုများလည်း ပို၍များပြား လာနေကြောင်း သတင်း ရရှိသည်။

-----------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျောဝါရီ ၁၃/၂၀၂၀








#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.