Preview

လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသည့် တင်းမကျေးရွာမှ အမျိုးသမီး စစ်တွေဆေးရုံသို့ ရောက်ရှိလာ

ဖေဖော်ဝါရီ ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :1292
ရခိုင် သတင်း

ချစ်အိလှိုင်၊ အောင်လင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ခြေထောက်ဒဏ်ရာ ရရှိသွားသည့်  ဒေါ်ဦးကျော့စိန်(၅၂)နှစ်အား ဒဏ်ရာပြင်းထန်သည့်အတွက် ကျောက်တော် ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

 “သူက ရေခပ်ဖို့ဆင်းတာ။ တင်းမချောင်းဘက်ကို။ ရွာနဲ့ ၁၀ မိနစ်လောက်သွားရတဲ့နေရာ။ ရေခပ်လို့ အတက်မှာ ရဟတ်ယာဉ်လာတာ။ အသံမကြားပဲ အနားကိုရောက်တာနဲ့တခါတည်း ပစ်တာပဲ။ သူမရဲ့  ခြေထောက်မှာ ထိသွားတာ။ တဒိုင်းဒိုင်းနဲ့ ပစ်ထည့်တာ ရဟတ်ယာဉ်ပေါ်က။ ခြေမျက်စိမှာ ထိသွားတာ။ သူမြစ်ကမ်းနားမှာ လဲနေပြီလို့ ပြောတော့မှ သွားကြည့်တော့  သူသတိ မရတော့ပါဘူး။ လေယာဉ်ပေါ်ကနေ ပစ်နေတဲ့ အချိန်မှာ သစ်ပင်အောက်ကို ပုန်းဖို့ ခါးကုန်းပြီး သွားနေတဲ့ အချိန်မှာ ခြေထောက်ကို ထိသွားတာ” ဟု လူနာစောင့် ပါလာသည့် ဒေါ်ပုစိန်က မီဒီယာများသို့ ပြောသည်။

ယမန်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် ယနေ့ နံနက်ပိုင်းက တင်းမကြီး ကျေးရွာမှ ကျောက်တော်ဆေးရုံသို့ ယူဆောင်လာပြီးနောက် ဒဏ်ရာပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာရခြင်းဖြစ်သည်ဟု ဒေါ်ပုစိန်က မီဒီယာများသို့ ဆက်ပြောသည်။

“လူနာအခြေနေက စိုးရိမ်ရတယ်လို့ ကျောက်တော် ဆေးရုံက ပြောလိုက်တယ်။ အခြေနေကိုတော့ မသိရသေးဘူး။ အမှန်ပြောရရင် ရင်နာဖို့ကောင်းပါတယ်။ ဘာမှ မသိတဲ့ဟာကို အလိုလို ပစ်တာ။ ရွာမှာနေရဲ့သားနဲ့။ ရွာတည့်တည့်ပေါ်ကနေ ပစ်ကြတယ်။ ရဟတ်ယာဉ်အဲဒီနေ့က သုံးစီး လာပစ်တာ။ ရွာကလူတွေ ကြောက်လို့ ပုန်းလို့ နေကြတာ” ဟု သူမက ပြောသည်။

ယနေ့ နံနက် ၅ နာရီခန့်က တင်းမကြီးကျေးရွာမှ ကျောက်တော်သို့ ဟွန်ဒါစက်လှေဖြင့် ယူဆောင် လာပြီး နေ့လယ် ၂ နာရီခန့်တွင် ကျောက်တော်ဆေးရုံသို့ ရောက်ရှိလာပြီးနောက် ကျောက်တော် ဆေးရုံက အရေးပေါ် စစ်တွေဆေးရုံသို့ ပို့ရမည်ဟု ပြောဆိုသည့်အတွက် ယူဆောင် လာရခြင်း ဖြစ်ကြောင်း သိ၇သည်။

-------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျောဝါရီ ၁၃/၂၀၂၀






#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.