ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မခိုင်မေဦးအား စစ်တွေမှ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ကုသရမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 505

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂ဝ၂ဝ

စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည့် ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာမှ ကျည်စထိမှန်ခဲ့သည့် စတုတ္ထတန်းကျောင်းသူ မခိုင်မေဦး (၁၁)နှစ်အား ရန်ကုန်သို့ပို့ဆောင် ကုသ ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မခိုင်မေဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ဓါတ်မှန်ရိုက်ပြီးနောက် ရန်ကုန်သို့ ပို့ဆောင်ရမည်ကို ဆရာဝန်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း  ဖခင်ဖြစ်သူ ဦးထွန်းမောင်က ပြောသည်။

“ ရန်ကုန်သွားရောက် ကုသဖို့အတွက် ဆရာဝန်တို့ကလည်း စီစဉ်နေတယ်လို့ ပြောပါတယ်။ မေးရိုး ခွဲစိတ်ရမယ့် အခြေနေဆိုတော့ စိုးရိမ်ရပါတယ်။ ပိုက်ဆံကတော့ အဖွဲ့ အစည်းတစ်ခုက ကူညီမယ်လို့ ပြောထားပါတယ်။ ဘယ်အဖွဲ့အစည်းက ကူညီမှာလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး။ လောလောဆယ် ပိုက်ဆံ မရှိတော့ အပြင်က စေတနာရှင် တစ်ချို့ကလည်း လာရောက်လှူတာတွေ ရှိပါတယ် ”ဟု ဦးထွန်းမောင်က ပြောသည်။

မခိုင်မေဦးသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁ဝ နာရီခန့်က သူမ တက်ရောက်နေသည့် ခမွေချောင်းကျေးရွာ မူလွန်ကျောင်း အတန်းထဲတွင် ထိုင်နေစဉ် လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဘူးသီးတောင်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ 

“ သူရဲ့ ဒဏ်ရာကို  ခွဲစိတ်ကုသရမယ်။ ရန်ကုန်ကို ပို့ဆောင်ပြီး ခွဲစိတ်ကုရမယ်လို့ ဆရာဝန်က ပြောလာပါတယ်။  အကူအညီတွေ လိုအပ်နေပါတယ်။ ကူညီကြတဲ့သူတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးထွန်းမောင်က ပြောသည်။

ဘူးသီးတောင်မြို့နယ်ရှိ ခမီလူမျိုးများနေထိုင်သည့် ခမွေချောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မခိုင်မေဦး အပါအဝင် ကျောင်းသား/ သူ ၂၁ ဦးသည် စာသင်ကျောင်းအတွင်း ပညာသင်ကြားနေစဉ် လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာ အသီးသီး ရရှိသွားခဲ့သည်။

(Photo by Sara Than Tun)

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၇/ ၂ဝ၂ဝ








(Photo by Sara Than Tun)



ဆက်စပ် သတင်းများ