အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် နတ်တောင်ပြင်ရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ်တစ်လုံး ဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၁၈ /၂ဝ၂ဝ

၏ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာတွင် ယနေ့ အရုဏ်တက်ချိန်က မီးလောင်မှုဖြစ်ပွား၍ နေတစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

အဆိုပါမီးလောင်မှုမှာ ပေါက်တောမြို့နယ်မှ နှစ်မိုင်ခန့်အကွာ နတ်တောင်ပြင်ကျေးရွာရှိ ဦးမြသာ (၆၅ နှစ်)၏နေအိမ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်အရုဏ်တက်ချိန် ၂ နာရီကျော်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်မီးသတ်ဦးစီး ဦးမျိုးမင်းထွန်းက နိရဥ္စရာသို့ အတည်ပြုပြောသည်။

"ကျနော်တို့ လတ်တလောစစ်ဆေးချက်အရတော့ ဒါးမိန်းကနေတဆင့် အပူလွန်ကဲပြီးတော့ စလောင်တာလို့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်လက်ပြီး စစ်ဆေးနေဆဲပါပဲ။"ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးမြသာ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားသည့် နေအိမ်တစ်ဆောင်လုံး မီးလောင်ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်သည်ဟု ဦးမျိုးမင်းထွန်းက ဆက်ပြောသည်။

ယင်းအပြင် ကျားကြီး(၂)ဦး၊ ကျားငယ်(၁)ဦး၊ မကြီး(၂)ဦး၊ မငယ်(၁)ဦး စုစုပေါင်း(၆)ဦး မီးဘေးသင့်ခဲ့ပြီး သူတို့အား မူလနေရာတွင် ယာယီတဲဖြင့် နေရာချထားပေးသည်ဟုလည်း သိရသည်။

အဆိုပါမီးလောင်မှုကို ပေါက်တောမြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၁+၇)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြိမ်းသတ်မှုကြောင့် ၂ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Rakhine Fire Force

------------------------------

Unicode:









ဓာတျပုံ - Rakhine Fire Force



ဆက်စပ် သတင်းများ