Preview

ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါသည့် ရဟတ်ယာဉ် ဘူးသီးတောင်သို့အသွားတွင် တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :2673
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၁၉/ ၂၀၂၀

လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်အကြားတွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်း ရရှိသည်။

ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် က ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ် ထိုသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“၉ နာရီကနေ ၁၀ နာရီ ၄၅ လောက်မှာ ကျနော်တို့ဒီ စစ်တွေကနေ ဘူးသီတောင်ကို သွားတဲ့ ခရီးစဉ်မှာ အောက်ကနေ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ ၇ဟတ်ယာဉ် ဝမ်းဗိုက်ကိုတော့ ၂ ချက်ထိပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိပါ။ ဘူးသီးတောင်ကိုတော့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ် ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
 
ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်ကနေ စစ်တွေသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အားလုံး အန္တာရာယ်ကင်းကင်း ပြန်လည်ရောက်ရှိလာကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။

“ဘယ်သူတွေကပစ်တာလည်းဆိုတော့ ကျနော်တို့ အဲဒီမှာရွာထဲက ပစ်တယ်လို့ဘဲသိရပါတယ်။ အဲဒီမှာ တပ်ရဟတ်ယာဉ်ပစ်တာဆိုလို့ အေအေလည်း ဖြစ်နိုင်ပါတယ်ဗျ။ အဲဒီမှာတော့ ရွာကိုတော့ အတိအကျမသိဘူး။ ဘူးသီးတောင်နဲ့ ၇သေ့တောင်ကြားထဲကပါ” ဟု ၄င်းကပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခထံသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းအနေဖြင့်ထိုသတင်း အားမသိရသေးကြောင်း ပြန်လည်ဖြေကြားသည်။

“စစ်ဖြစ်နေတဲ့နေရာမှာ ကျနော်တို့ တပ်ဖွဲ့တွေက မြန်မာစစ်တပ် ဆီမှာနေ့တိုင်းနေပြီးတော့ ဒီရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံနေရတာရှိတယ်။ ဂျက်ဖိုင်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာတွေ ရှိတယ်။ ဆိုတော့ အဲဒါကြောင့်မို့လို စစ်ဖြစ်နေတဲ့နေရာမှာ သူတို့ တည့်တည့်ဒီအပေါ်က နေပြီးတော့ ဖြတ်ပြီးပျံလို့ရှိရင်တော့ လိုက်ပစ်တာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့နော်။ ဒါပေမဲ့ ဒီနေ့ အဲဒီဖြစ်စဉ်မှာ ပစ်ခတ်မှုရှိ/မရှိ ကျနော်တို့ဘက်က ပစ်တာဟုတ်/မဟုတ်ဆိုတာကိုတော့ ကျနော်အသေအချာပြန်မေးပြီးမှဘဲ ပြောလို့ရမဲ့ကိစ္စဖြစ်တယ်ဗျ။ လောလော ဆယ်တော့ အဲဒီဖြစ်စဉ်နှင့် ပတ်သက်ပြီ ကျနော့်ဆီကိုဘာသတင်းမှ ရောက်လာတာမရှိသေးဘူး” ဟု ဦးခိုင်သုခက ပြောသည်။

ယနေ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည်  ဘူးသီးတောင်တွင် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သွားရောက်တွေ့ဆုံသည့် ခရီးစဉ်ဖြစ်ကြောင်း  သိ၇သည်။

--------------------------------

Unicode


နိရဉ်စရာ ၊ ဖဖျောဝါရီ ၁၉/ ၂၀၂၀



 






#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.