Preview

ကျောက်တော် လောင်းရှည်ကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :10339
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၀/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာတွင် အမျိုးသမီးတစ်ဦး တိုက်ပွဲထဲမှ ပစ်ခတ်လိုက်သော သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရသွားသူ အမျိုးသမီးမှာ လောင်းရှည်ကျေးရွာမှ ဒေါ်မအေးဆန်း (၃၀) နှစ်ဖြစ်သည်။ သူမသည် ယနေ့ ညနေ ၄ နာရီကျော်ခန့်က သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာရ ရှိသွားခြင်း ဖြစ်ကြောင်း လောင်းရှည်ကျေးရွာမှ ဆေးဆရာဦးမောင်ခိုင်ဝင်းက နိရဥ္စရာသို့ ပြောသည်။

“သေနတ်ကျည် ထိပ်ဖူးလို့ ထင်ရပါတယ်။ ဒဏ်ရာက သိပ်တော့ မပြင်းပါဘူး။ နှစ်ဘက် တိုက်ပွဲဖြစ်နေတာဆိုတော့ ဘယ်ဘက်က ကျည်လာထိတာလဲဆိုတာကို သေချာ မသိပါဘူး။ အခုလောလောဆယ်တော့ ကျွန်တော် သူ့ကို သွေးသိပ်မထွက်ရအောင် ထိန်းပေးထားပါတယ်။ လောလောဆယ် ကျည်ကို မထုတ်သေးဘဲ ပတ်တီးစည်ပေးထားမယ်ပေါ့နော်”  ဟု ဆေးဆရာ ဦးမောင်ခိုင်ဝင်းက ပြောသည်။

ဒေါ်မအေးဆန်းတွင် ဘယ်ဘက် ခြေဖနောင့်၌ ကျည်ထိပ်ဖူး အနည်းငယ် စိုက်ဝင်သွားခြင်း ဖြစ်ကြောင်း၊ သူမသည် ၄င်း၏ နေအိမ်ထဲသို့ လှမ်းဝင်စဉ် သေနတ်ကျည်ကျခြင်းဖြစ်ကြောင်း မိသားစု တော်စပ်သူ လောင်းရှည်ကျေးရွာမှ ဦးမောင်စိန်ထွန်းက နိရဥ္စရာသို့ သည်။

“တိုက်ပွဲက တင်းမသစ်ရွာဘက်က ငန်းတောင်ဆိုတာ ရှိတယ်။ အဲဒီနားမှာ တိုက်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာနဲ့ ကြားမှာ ကုလားတန်မြစ်ရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ရွာနဲ့က နီးနီးလေး ပါပဲ။ တိုက်ပွဲ ဖြစ်တာက ကုလားတန်မြစ် အရှေ့ဘက်ခြမ်း၊ ကျွန်တော်တို့ရွာက အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ငန်းတောင်အနီးတဝိုက်တွင် ယနေ့ ညနေ ၃ နာရီခန့်က နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊ တိုက်ပွဲမှာ ညနေ ၆ နာရီခန့်က ရပ်တန့်သွားကြောင်း၊ လောင်းရှည် ကျေးရွာနှင့် ယင်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတို့မှာ ကုလားတန်မြစ် တစ်ဘက်တစ်ကမ်း ၅ ဖာလုံခန့်သာ ဝေးကွာကြောင်း ဦးမောင်စိန်ထွန်းက ဆက်ပြောသည်။

“လောင်းရှည်ရွာ အရှေ့ဘက်က ကျည်ဆံ လာတာလို့ ပြောပါတယ်။ လောင်းရှည်ရွာ အရှေ့ဘက်က ဆိုတော့ မြစ်တစ်ဖက်ကပေါ့နော်။ ဆေးဝါးကုသမှုပိုင်းမှာ အခက်ခဲ နည်းနည်း ရှိနေလို့ ကျွန်တော့်ဆီကို အဆက်သွယ် လုပ်ထားကြပါတယ် သူတို့။ သေနတ်သံတွေလည်း ကြားရတယ်ပေါ့နော်။ အဲဒါကြောင့် လမ်းကြောင်းက သိပ်မရှင်းလို့ ကျောက်တော်ကို မယူ နိုင်သေးဘူး။ ကျေးရွာက ဆေးဆရာတွေနဲ့ ဒီနေ့ တစ်ရက်ကို စောင့်ကြည့်နေပါတယ်” ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက နိရဥ္စရာသို့ ပြောသည်။

လူနာအား ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ လမ်းကြောင်းအခြေနေကို ကြည့်ကာ ICRC အဖွဲ့အစည်းအား အကူအညီတောင်း၍ ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ဦးဦးထွန်းဝင်းက ပြောသည်။

-------------------------

Unicode:


နိရဉ်စရာ၊ ဖဖျောဝါရီ ၂၀ / ၂၀၂၀









#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.