Preview

ရခိုင်စစ်ဘေးရှောင်များကို ထိရောက်စွာအကူအညီပေးရန် အမေရိကန်သံရုံးမှ ပြည်နယ်အစိုးရအား တိုက်တွန်းမည်

ဖေဖော်ဝါရီ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :8028
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၀

ရခိုင်စစ်ဘေးရှောင်များကို ထိရောက်သည့်အကူအညီများပေးအပ်ရန် ရခိုင်ပြည်နယ်အစိုးရအား တွေ့ဆုံတိုက်တွန်းသွားမည်ဟု  ရန်ကုန်အမေရိကန်သံရုံး  ဒုတိယအကြီးအကဲဖြစ်သူ Mr.George Neil Sibley က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ 

ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်အခြေစိုက်အမေရိကန်သံရုံး  ဒုတိယအကြီး အကဲဖြစ်သူ Mr.George Neil Sibley က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဧည့်ခမ်းမတွင် လာရောက်တွေ့ဆုံစဉ် ထိုသို့ ပြောကြား သွားခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“သူတို့ အမေရိကန်နိုင်ငံက ICRC တို့၊ WFP တစ်ဆင့် စစ်ဘေးရှောင်တွေအတွက် ကူညီနေတဲ့ အကူအညီတွေ စစ်ဘေးရှောင်စခန်းတွေဆီ ထိထိရောက်ရောက် ရောက်ရှိရဲ့လားဆိုတာကို သူတို့က မေးမြန်းပါတယ်။ နောက်ပြီးတော့ အစိုးရအနေနဲ့  ဒီကူညီ ပေးနေတာတွေနဲ့ ပတ်သက်လို့ ဘာတွေ အခက်ခဲရှိသလဲ ဆိုတာမေးပါတယ်။  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဇော်ဝင်းနဲ့ တွေ့ဖို့ ရှိပါတယ်။ တွေ့တဲ့အခါ သူတို့ဆီကိုတင်ပြပြီးတော့ တိုက်တွန်း ပေးမယ်လို့ ကတိပေးသွားပါတယ်။ ဒီလွှတ်တော်က အကြံပြုပေးတဲ့ကိစ္စကို တင်ပြပေးပါမယ်လို့ ဂတိပြု ပြောဆိုသွားခဲ့ပါတယ်” ဟု ဦးမြသန်းက ပြောဆိုသည်။

၎င်းတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ မြေပုံနှင့် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်ကြသည့် ဦးအောင်ဝင်းနှင့် ဦးအေးသိန်းတို့ လည်း တက်ရောက်ခဲ့ကြသည်။

 “ကျွန်တော်တို့ ရခိုင်ပြည်လွှတ်တော် ဥက္ကဋ္ဌကတော့ စစ်ဘေးရှောင်စခန်းကို ICRC တို့WFPတို့်က လုံလုံလောက်ပေးနေပေမဲ့ အစိုးရဘက်က ကန့်သတ်ထားတဲ့အတွက်ကြောင့် ပေးလို့မရဘဲ  ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေကို  ပြောပြလိုက်ပါတယ်။  အစိုးရက တဆင့်မှ ခွင့်ပြုချက် တောင်းရတယ်။ အစိုးရအဖွဲနဲ့ တွေ့လို့ရှိရင် ဒီဒုက္ခသည်တွေကို ICRC၊ WFP တို့က ထောက်ပံ့ တာတွေကို လိုလိုလားလားနဲ့ အမြန်ဆုံးထောက်ပံ့ပေးဖို့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြတာပါ” ဟု ၄င်းက ဆက်ပြောသည်။
 
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့တိုက်ပွဲဖြစ်ပွားနေသည့် ကာလမှာ ၂ နှစ်နီးပါးရှိလာပြီး စစ်ဘေးရှောင်အရေအတွက် တစ်သိန်းခြောက်ထောင်ကျော် ရှိနေကြောင်း  ရခိုင်မျိုးနွယ်စု အစည်းအရုံး (REC) မှ ဇန်နဝါရီ ၂၆ ရက်နေ့မှ ထုတ်ပြန်ထားသည်။

ရခိုင်စစ်ဘေးရှောင် ပြည်သူများအနေဖြင့် အစိုးရထံမှ  ထောက်ပံ့ ကူညီသည့် ရိက္ခာများ လုံလုံ လောက်လောက် မရရှိသည့်အပြင် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ အကူအညီများ အပေါ်တွင်လည်း  တားမြစ်ကန့်သတ်မှုများလည်း ရှိနေသဖြင့် ၎င်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရှိ၇သည်။

(Photo by San Myat Shwe)

------------------------------------

Unicode:


နိရဉ်စရာ ၊ ဖဖျောဝါရီ ၂၁/၂၀၂၀





 


#သံခင်းတမန်ခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.