Preview

လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မြေကျင်းပြိုကျ၍ ဒဏ်ရာရရှိသူ ပဥ္စမတန်းကျောင်းသူမိန်းကလေးငယ်ကို ရန်ကုန်သို့ ဆေးကုသရန်ပို့ဆောင်

ဖေဖော်ဝါရီ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :2079
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၀

ရခိုင်ပြည်နယ်၊ကျော်တော်မြို့နယ်၊ ဂုပ္ပီထောင့် ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဗုံးတွင်း မြေကျင်းပြိုကျ၍ ဒဏ်ရာ ရရှိသူ ၁၀နှစ် အရွယ် ပဥ္စမတန်းကျောင်းသူ မိန်းကလေးငယ်ကို စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ဆေးကုသရန် လေယာဉ်ဖြင့်  ယနေ့ ပို့ဆောင် လိုက်ရသည်ဟု သတင်း ရရှိသည်။

အဆိုပါကလေးငယ်မှာ ပဥ္စမတန်းကျောင်းတွင် တက်ရောက်သင်ကြားနေသည့်  မစုမြတ်မိုး (၁၀)နှစ်ဖြစ်ပြီး ယနေ့နံနက် ၉ နာရီခန့်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်မြို့သို့ ဆေးကုသရန်ပို့ဆောင် လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဂုပ္ပီထောင့် ကျေးရွာအနီးမှ လက်နက်ကြီး ပစ်ခတ်သံများ ကြားရသဖြင့်  မစုမြတ်မိုးသည် ဗုံးခိုကျင်းတွင် ဝင်ရောက်ပုန်းခိုနေစဉ် နေအိမ် အရှေ့ဘက်သို့ လက်နက်ကြီးကျည် တစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး  ဗုံးခိုကျင်း မြေပြိုကျကာ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း  မိခင်ဖြစ်သူ ဒေါ်မိုးဆန်းဦးကဆက်ပြောသည်။

ဂုပ္ပီထောင့် မှ ကျောက်တော်ဆေးရုံသို့ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေခန့်တွင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ  ၁၀ ရက်နေ့ တွင် စစ်တွေမြို့ ဆေးရုံကြီးသို့  ထပ်မံ ယူဆောင်လာခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“အဲဒီနေ့က လက်နက်ကြီးပစ်သံကြားတော့ သမီးလေးနဲ့ နောက်ကလေးနှစ်ယောက်ကို အိမ်ရှေ့နားက ကျင်းထဲ ဝင်ထားခိုင်းပြီး ကျွန်မတို့က အိုးခွက်ပန်းကန်တွေ သိမ်းဆည်းနေတဲ့ အချိန်မှာ လက်နက်ကြီးကျလာတာပါ။ သမီးလေးက တကိုယ်လုံး မြေပြိုကျတဲ့အထဲပါသွားပြီး လက်ကလေးတစ်ဖက်ပဲမြင်ရခဲ့တာပါ။ တကိုယ်လုံးဒါဏ်ရာတွေနဲ့ ကျောက်တော်ဆေးရုံမှာ တစ်ည ထားပြီး နောက်နေ့ မနက်ကျမှ စစ်တွေကိုလိုက်လာခဲ့တာပါ။ အခု ဒဏ်ရာကစိုးရိမ်ရလို့ ရန်ကုန်ကို ခေါ်သွားပြီးဆေးကုသပေးမှာပါ” ဟု မစုမြတ်မိုး၏ မိခင်ဖြစ်သူဒေါ်မိုးဆန်းဦးက နိရဥ္စရာ သတင်းဌာနအားပြောသည်။

“အဲဒီနေ့က နေဗီက ကုလားတန်မြစ်ကြောင်းအတိုင်းပစ်ပြီး ဆင်းလာတာပါ။ စုမြတ်မိုးတို့ အိမ်က ရွာအစွန်နားလောက်မှာပါ။ အဲဒီမှာကလေးတွေ ပုန်းနေတဲ့ နားကို လက်နက်ကြီး ကျရောက် ပေါက်ကွဲတာပါ။ အဲဒီနေ့က တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။  ရွာမှာကျန်ခဲ့တဲ့ မရွှေသန်းဌေး မိသားစုလည်း ဆေးဖိုးလည်းမတတ်နိုင်ဘူး။ ရွာကသူနာပြုနဲ့ ကုပေးနေပါတယ်။ သူမကိုလည်း ဆေးရုံပြရင် သင့်တော်မယ်ထင်ပါတယ် ”ဟု ဂုပ္ပီထောင့် ကျေးရွာ ရပ်မိ၊ ရပ်ဖဖြစ်သူ ဦးအောင်ဝင်းမောင်က ပြောသည်။

ဒါဏ်ရာရရှိခဲ့သူ မစုမြတ်မိုး(၁၀)နှစ်အားမြေထဲမှ တူးဖော်ကယ်ဆယ်ခဲ့၇ပြီး ၄င်း၏မောင်ဖြစ်သူ မောင်ဝင်းထွန်းနိုင်(၃)နှစ် မျက်နှာပွန်းပဲ့ ဒဏ်ရာနှင့် မရွှေသန်းဌေး(၁၃)နှစ် (သတ္တမတန်းကျောင်းသူ) ခါးရောင်ကိုင်းဒဏ်ရာများ ရရှိခဲ့ကြခြင်း ဖြစ်ကြောင်း မိသားစုများမှ ပြောကြားသည်။

-----------------------------

Unicode:


နိရဉ်စရာ ၊ ဖဖျောဝါရီ ၂၁/၂၀၂၀









#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.