Preview

မင်းပြား ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုးသားမှုဂုဏ်ဆောင်ဆုချီးမြင့်ခံရ

ဖေဖော်ဝါရီ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :8784
ရခိုင် သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊မင်းပြားမြို့၊ ပြည်တော်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဘုချေ(၆ရ)နှစ်ကို ရိုးသားမှု ဂုဏ်ဆောင်ဆု ချီးမြင့်ခဲ့သည်ဟု သိရသည်။

၎င်းရိုးသားမှုဂုဏ်ဆောင်ဆုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်က မင်းပြားမြို့ ရာမောင်ခန်းမတွင် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ကော်မတီက ပူးပေါင်း ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဒီနေ့ ရိုးသားသူ ဂုဏ်ဆောင်ဆုကို ရတဲ့အချိန်မှာ သူပြောသွားတာက စိတ္တရ အုပ်ချုပ်ရေးမှူး မသေခင် သူ့ဆီမှာ ရွှေနဲ့ ငွေတွေ အပ်လို့ရှိတယ်လို့ပြောပါတယ်။ အဲဒီကိစ္စက သူနဲ့ စိတ္တရအုပ်ချုပ်ရေးမှူး တို့နှစ်ယောက်သာ သိတဲ့ကိစ္စ။ အဲဒီကိစ္စကို စိတ္တရ အုပ်ချုပ်ရေးမှူးသေသွားတဲ့အခါမှာ အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းရဲ့ဇနီးကို စာရင်းဇယားတွေနဲ့ အသေအချာပြန်လို့ ပေးအပ်တဲ့ အတွက် သူ့ရိုးသားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့  မြို့နယ်အုပ်ချုပ်ရေးမှူး တို့ မြို့နယ်စည်ပင် ကော်မတီတို့က သူ့ကို ဒီနေ့ အဲဒီဆုကို ချီးမြင့်တာဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

မင်းပြားမြို့နယ်၊ ဖုန်းသာချောင်းအုပ်စု၊ စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းသည်  သူမကွယ်လွန်မီ ရွှေ (၁၀) ကျပ်နှင့် ငွေကျပ်သိန်း ၁၀၀ ကို ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမောင်ဘုချေထံကို ညီအစ်ကိုရင်းသဖွယ် ယုံကြည်မှုဖြင့်အပ်နှံခဲ့ကြောင်း၊ ကျန်ရစ်သူ ဇနီးဖြစ်သူလည်း မသိရှိကြောင်း ၎င်းက ပြောဆိုသည်။

စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်း(၄၂)နှစ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်း တစ်ခုက သူနေအိမ်ထဲ ဝင်ရောက်လာပြီး ဖမ်းဆီးရိုက်နှက်ကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။

၎င်းနောက်ပိုင်းတွင်  ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမောင်ဘုချေမှ ၎င်းထံ အပ်နှံထားခဲ့သော ရွှေ ၁၀ ကျပ်နှင့် ငွေကျပ် သိန်း ၁၀၀ တို့အား ကွယ်လွန်သွားသွားသည့်  စိတ္တရ အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်း၏ ဇနီးဖြစ်သူ ဒေါ်မသန်းဌေးအား ပြန်လည် ပေးအပ်ခဲ့သည်။

ဦးမောင်ဘုချေက “ သူတို့ကို ပေးအပ်လိုက်တာက ပစ္စည်းကိုပေးအပ်လိုက်တာ။ ကိုယ်ကတော့ အဲဒီ ပစ္စည်းထက်တန်ဖိုးကြီးတဲ့ ဆုတစ်ခုကို ချီးမြင့်ခံရတယ်လို့ ယူဆမိပါတယ်။ ကိုယ့်အသက် အတိုင်းအတာနဲ့လေ။ မင်းပြားမြို့နယ်အပါအဝင်  မြို့နယ် တိုင်းမှာလည်း ဒီလိုရိုးသားမှုနဲ့ ချီးမြင့်ခံရတဲ့ ပုဂ္ဂိုလ်ရှားပါးလို့  မိမိကိုယ်ကိုမိမိ အလွန့်အလွန် ဝမ်းသားမိပါတယ်။ သူတို့လည်း အပူတစ်ပူ နှစ်ပူ သုံးပူဖြစ်နေတဲ့အချိန်မှာ သားလင်သေဆုံးတဲ့ အပူလောင်နေတဲ့ အချိန်မှာ ခုလို ပြန်ရကြတော့ ရယ်ရယ် ရွှင်ရွှင်ဖြစ်ကြရပါတယ်။ ကျနော့်ကိုလည်း မိဘလိုမှတ်ပြီးတော့ သူတို့အပူကို အေးအောင် ကိုယ်ကလုပ်ရလိုက်ရတဲ့ အတွက် သူတို့ အေးချမ်းသာယာသလို ကိုယ်ကလည်း စိတ်အေးချမ်းသာဖြစ်၇ပါတယ်” ဟု ၄င်းက ပြောသည်။

ကွယ်လွန်သွားသည့် စိတ္တရ အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်း၏ ဇနီးဖြစ်သူ ဒေါ်မသန်းဌေးက “ရွှေကျပ်ချိန် ၁၀ ပါ။ ငွေ သိန်း ၁၀၀ ပါ။ အဲဒါတွေအားလုံးကိုပြန်ပေးပါတယ်။ ကျမအိမ်ရှင် မရှိတဲ့နောက်ပိုင်းမှာပါ။ ဟုတ်ပါတယ်။ ဒီလိုရိုးသားတဲ့လူကို ကျမတို့တခါမှ မမြင်ဖူးပါ။ အခုလည်း ကျမအိမ်ရှင် သေဆုံးသွားတဲ့နောက်ပိုင်းမှာ ကျမအိမ်ရှင်က ကျမ မပါဘဲ ဒီရွှေတွေ ငွေတွေကို ယုံကြည်လို့ သွားလို့အပ်ထားခဲ့တာပါ။ အဲဒါကို အခုအချိန်မှာ အိမ်ရှင်ကလည်း သေသွားပြီဆိုတော့ သူတို့ ရိုးသားစွာနဲ့ ပြန်ပေးပါတယ် ကျမကို။ ဒီလောက်အပူသောက ရောက်နေတဲ့အချိန် အခုလိုပြန်ပေးတဲ့အတွက် အဲဒီအုပ်ချုပ်ရေးမှူးကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ဓာတ်ပုံ- LAY MRO - Minbya CJ News

-----------------------------

Unicode:











 
ဓာတျပုံ- LAY MRO - Minbya CJ News



#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.