Preview

ဒဏ်ရာရ၍ ဆေးရုံတက်ကုသနေရသည့် အရပ်သားလူနာတစ်ဦးလျှင် ငွေကျပ် ၂သိန်းစီ ARG ထောက်ပံ့

ဖေဖော်ဝါရီ ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :7894
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅ / ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသရသည့်  လူနာတစ်ဦးလျှင် ရခိုင်မျိုးစောင့်အဖွဲ့ (ARG)မှ ငွေနှစ်သိန်းကျပ်စီ လှူဒါန်းပေးသွားမည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသ ခံယူနေသော လူနာ ၅ ဦးအား တစ်ဦးလျှင် ငွေနှစ်သိန်းကျပ်စီ လှူဒါန်းပေးခဲ့ကြောင်း ဥက္ကဋ္ဌ ဦးဘအေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

̏ ကျနော်တို့ ရခိုင်ပြည်မှာ စစ်ပွဲတွေ တာရှည်လာတာနဲ့အမျှ အရပ်သား ထိခိုက်မှုတွေလည်း အရမ်းကိုများလာတယ်။ တစ်ချို့ကထွက်ပြေးနေရတယ်။ တစ်ချို့ဆိုတော့လည်း ဆင်းရဲ နွမ်းပါးတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ အခြေအနေမှာ ဒဏ်ရာရလာပြီး ဆိုလို့ရှိရင် ဆေးရုံတွေကို တက်ပြီး ဆေးဝါးကုသရတယ်။ ဒါကြောင့် အကုန်အကျတွေ အရမ်းများတယ်။ အဲတာတွေကို နည်းနည်းပါးပါးလောက် ထောက်ပံ့တဲ့အနေအားဖြင့် ကျနော်တို့ အနေနဲ့ တတ်နိုင်သလောက် ကူညီ ရတာဖြစ်တယ်ဟု˝ ဥက္ကဋ္ဌ ဦးဘအေးက ပြောသည်။

ရခိုင်မျိုးစောင့် (ARG)အဖွဲ့အနေဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသနေသူများ တစ်ခုတည်းကို လှူဒါန်းခြင်း မဟုတ်ဘဲ တစ်ခြား ဆေးရုံများတွင် ဆေးကုသနေသူများအားဖြင့် ဆက်သွယ် လာပါက လှူဒါန်းသွားမည်ဟု ဦးဘအေးက ဆက်ပြောသည်။

̏ ကျနော်တို့ အနေနဲ့ စစ်တွေဆေးရုံတစ်ခုတည်းကို မဟုတ်ဘဲ တစ်ခြားဆေးရုံတွေကိုလည်း လှူဒါန်သွားဖို့ အစီစဉ်လည်းရှိပါတယ်။ အဲဒီအတွက် တစ်ခြားမြို့နယ်က လူမှုအဖွဲ့အစည်းကဘဲ ဖြစ်ဖြစ်၊ လူနာကိုတိုင်ဘဲဖြစ်ဖြစ် ကျနော်တို့ကို အကြောင်းကြားလာလို့ရှိရင် လှူဒါန်း ပေးသွားမယ်˝ဟု ၄င်းက ပြောသည်။

စစ်ပွဲကြောင့် ဆေးရုံမတင်လိုက်ရဘဲ သေဆုံးသွားသော လူများအားလည်း ရခိုင်မျိုးစောင့်အဖွဲ့ (ARG) အနေဖြင့် တတ်နိုင်သမျှ ကူညီပေးဖို့အတွက် ကြိုးစားနေကြောင်းလည်း သိရှိရသည်။

ရခိုင်မျိုးစောင့်အဖွဲ့ (ARG) သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုပ်ကိုင်နေသော နိုင်ငံရေးနှင့် မပတ်သက်သည့် လူမှု အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိ၇သည်။


-----------------------------
Unicode:



နိရဉ်စရာ၊ ဖဖျောဝါရီ ၂၅ / ၂၀၂၀








#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.