Preview

မြောင်းဘွေအနီးတပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရ၊ အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိ

ဖေဖော်ဝါရီ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :6495
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၉/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေချေနှင့် ရွှေလံ ကျေးရွာအနီးတွင် မင်းပြားဘက်မှ လာသော စစ်ကားတန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) မှ ယနေ့နံနက် ရ နာရီက ဝင်ရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်သဖြင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

မြောင်းဘွေချေ ကျေးရွာမှ ဦးချောင်းသာအောင်၏ ဇနီးဖြစ်သူ အမျိုးသမီးကြီးတစ်ဦးမှာ တိုက်ပွဲထဲမှ သေနတ်သံများကြောင့် ကြောက်လန့် အမောဖောက်ကာ သေဆုံးသွားခဲ့သည်ဟု ရွှေလံ ဆရာတော်က ပြောကြားသည်။

၎င်းပြင် တင်းပျင်းကြီးကျေးရွာမှ လင်မယားနှစ်ဦးဖြစ်ကြသည့် ဦးမောင်သိန်းရွှေနှင့် ဒေါ်မစံသိန်းတို့က လက်နက်ကြီကျည်စ ထိမှန်ပြီး ဒဏ်ရာရနေကြောင်း သိရသည်။

မြောင်ဘွေကျေးရွာ အရှေ့ပိုင်းမှ ဆရာမ ဒေါ်သန်းသန်းအေးနေအိမ်၊ ဆရာဦးထွန်းသိန်းအိမ်နှင့် ဦးကျော်သောင်းတို့ နေအိမ်များ လုံး၀ ပြာကျအောင်ထိ မီးလောင်သွားခဲ့ပြီး မီးမှာ လက်ရှိ အချိန်တွင် ငြိမ်းသွားပြီဟု မျက်မြင်များက ပြောသည်။

ရွှေလံရွာမှ အောင်ဌေး (၂၃) နှစ် အဖမ်းခံထားရသည်ဟု သိရသည်။

ဘုတလုံးမူဆလင်ကျေးရွာမှ သေဆုံးသူ၄ ဦးထဲမှ နှစ်ဦးမှာ မာမောက်ဟာရက် (၁၈) နှစ် (ဘ) ဆီရူး၊ မာမောက်ရော်ဟိန်း (၁၂) နှစ် (ဘ) မာမောက်ဂျူးရူး တို့ ဖြစ်ကြပြီး ကျန်နှစ်ဦးမှာ  အလောင်းမရသေးဘဲ ပျောက်ဆုံးနေသည်ဟု ၎င်းကျေးရွာ လူကြီး တစ်ဦးက ဖုန်းဆက်ပြောဆိုသည်။

တိုက်ပွဲမှာ မြောင်းဘွေချေ၊ ရွှေလံ ကားလမ်းတစ်လျှောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကားတန်းကို အေအေတပ်ဖွဲ့ဝင်များက နေရာအများအပြားက ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

----------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျောဝါရီ ၂၉/ ၂၀၂၀








#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.