သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ပြိုင်းတိုင်းရွာအနီး တိုက်ပွဲဆက်ဖြစ်၊ ဗုံးထိ၍ နွား ၁၂ ကောင်သေဆုံးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ် ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာအနီးတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ပြီး ယမန်နေ့က  တပ်မတော်လေယာဉ်ပေါ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နွား ၁၂ ကောင် သေဆုံး သွားခဲ့သည်ဟု ရွာသားများက ပြောကြားသည်။

သေဆုံးသွားသည့် နွား ၁၂ ကောင်မှာ ပြိုင်းတိုင်းကျေးရွာမှ ဦးမောင်ကျော်ထွန်းတွင် နွားရှစ်ကောင်၊ ဦးသာဒိုးအောင်တွင် နွားတစ်ကောင်၊ ဦးမောင်မြသန်းတွင် နွားတစ်ကောင်နှင့် ပိုင်ရှင် မပေါ် သေးသည့် နွားနှစ်ကောင်တို့ ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းနောက်ဘက် လယ်ကွင်းတွင် သေဆုံးနေကြောင်း  ပြိုင်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်သာထွီးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးစိန်သာထွီးက “ မနေ့က မနက် ၉ နာရီကျော်လောက်က ရဟတ်ယာဉ်တွေနဲ့ တစ်ကြိမ် လာပစ်တယ်။ နေ့လယ် ၁ နာရီလောက်မှာ ဂျက်တိုက်ယာဉ် ၂ စီးနဲ့ တစ်ကြိမ် လာပစ်တယ်။ ဗုံးလာကြဲတာပါ။ ညနေဘက် ၄ နာရီလောက်မှာ တစ်ကြိမ် ဂျက်တိုက်ယာဉ်တွေနဲ့ ဗုံးကြဲပါတယ်။ အဲဒီညနေဘက် အချိန် လာကြဲတဲ့အခါ ကျောင်းနောက်ဘက် လယ်ကွင်းက  နွားတွေကို သွားထိတာပါ။ ပွဲချင်းပြီး သေသွားပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

နွားပိုင်ရှင် ဦးမောင်ကျော်ထွန်းက “ကျွန်တော့်မှာ နွား ၈ ကောင်သေသွားတာပါ။ နွားတွေက ရွာက ဘုန်းကြီးကျောင်းအနားက လယ်ကွင်းထဲမှာ ရှိနေတာပါ။ ဂျက်တိုက်ယာဉ်တွေနဲ့ အဲဒီရွာအနားက ပျံဝဲပြီး ဗုံးကြဲသွားလို့ နွားတွေက ဗိုက်ပေါက်တာတွေ ပေါက်သွားပြီးသေ၊ ခြေလက်ကျိုးပြီး သေတာက သေတယ်။ နွားက ၁၂ ကောင် သေတာမှာ နွားနှစ်ကောင်ရဲ့ ပိုင်ရှင်က မသ ိရသေးပါဘူး။ ဘယ်သူမှ ထွက်မကြည့် ရဲကြပါဘူး အဲဒီဘက်ကို” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့  မတ်လ ၄ ရက်နေ့ နံနက်တွင် ပြိုင်းတိုင်းရွာ အရှေ့ဘက်မှ သေနတ်သံများကို ကြားခဲ့ရပြီး နံနက် ၁ဝ နာရီခန့်တွင် ပြိုင်းတိုင်းကျေးရွာအနီး တပ်မတော်မှ ရဟတ်ယာဉ် ၂ စီး ပျံဝဲနေခဲ့ကြောင်း၊ ယနေ့တွင် ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုများ မပြုလုပ်ခဲ့သော်လည်း ငန်းတောင်ပေါ်  တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများ ပြောကြားသည်။

မတ်လ ၃ ရက်နေ့က အဆိုပါ ကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျ၍ ကျေးရွာနေ ဦးသာမောင်၏ နေအိမ်တစ်ခြမ်းမှာလည်း ပျက်စီးသွားကြောင်း၊ ကျေးရွာနေ ဒေါ်လှမြဦး (၈၈) နှစ်၊ ဦးစိုးမြ (၅၅) နှစ်နှင့် မောင်လှသိန်းမောင် (၁ဝ) နှစ်တို့ ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်မှ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “မနေ့ကတော့ ပြိုင်းတိုင်းရွာဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ မြန်မာ စစ်တပ် ဘက်ကနေပြီးတော့ တင်းမရွာရဲ့ အောက်ဘက်မှာ ရှိတဲ့ တောင်ရှည်တောင်တန်းပေါ်က အခြေပြုထားတဲ့ မြန်မာစစ်တပ် စစ်ကြောင်းတွေကနေပြီးတော့ သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ ရှိပါတယ်။ နောက်ပြီး ပလက်ဝဘက်ကလည်း သူတို့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ ရှိတယ်။ နောက်တစ်နေရာကတော့ သူတို့ စကခ ၉ ဌာနချုပ်ကပေါ့နော်။ အဲဒီဘက်ကလည်းနေပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ ရှိတယ်။ မနေ့က အဲဒီလိုမျိုး မြန်မာ စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်လို့ ပြိုင်းတိုင်းကျေးရွာက ဒေသခံ သုံးယောက် ဒဏ်ရာရသွားတာ ရှိတယ်။ ဒီနေ့မှာ လည်းပဲ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်သူတွေ ထိခိုက်သလဲ၊ ဘယ်လောက်ထိ အခြေနေဆိုးရွားနေလဲဆိုတာကို ကျွန်တော်လည်း လောလောဆယ် မသိရသေးဘူး။ ” ဟု ပြန်လည်ဖြေကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

----------------------------

Unicode:


နိရဉ်စရာ၊ မတျ ၄/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ