မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ မတ် ၄ / ၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် လိုင်းစက်လှေတစ်စီးပေါ်မှ စစ်တပ်က ဖမ်းဆီးထားသူ ရွာသား ၆ ဦးအား အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် မိသားစုဝင်များက ကာကွယ်ရေးဝန်ကြီးထံသို့ အသနားခံစာပေးပို့ တောင်းဆိုထားကြောင်း သတင်းရရှိသည်။
အဆိုပါစာကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးထံသို့ လိပ်မူကာ မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ပေးပို့လိုက်ခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
"ကျမယောကျာ်းက အသက်လည်း ကြီးနေပါပြီ။ အခု သတင်းလည်း တစ်ခုမှကို အစအနလည်း မကြားရဘူး။ ဒါကြောင့် မိသားစုတွေက စိုးရိမ်နေကြပါတယ် "ဟု ဖမ်းဆီးခံထားရသူ ဦး ဦးထွန်းရွှေ (၅၇ နှစ်)၏ ဇနီး ဒေါ်ယဉ်သာနုက နိရဥ္စရာကို ပြောသည်။
စက်လှေပေါ်မှ ဖမ်းဆီးခံထား၇သူ ၆ ဦးမှာ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ဦးထွန်းရွှေ (၅၇ နှစ်)၊ လောင်းရှည်ကျေးရွာမှ ဦးမောင်ဇော်ဝင်း (၃၀ နှစ်)၊ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ဦးခင်မောင်သိန်း (၄၄ နှစ်)၊ ပလက်၀မြို့နယ် ဒိုးချောင်း၀ကျေးရွာမှ မောင်အောင်သိန်းနု (၂၂ နှစ်)၊ ဦးအောင်ကျော်ညွန့် (၄၂ နှစ်)နှင့် သာယာကိုင်းကျေးရွာမှ ဦးကွန်ချုပ်မောင် (၃၄ နှစ်)တို့ဖြစ်သည်။
သူတို့ ၆ ဦးသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ချင်းပြည်နယ် ပလက်၀မြို့နယ် နှမဒါကျေးရွာသို့ပြေးဆွဲနေသည့် လိုင်းစက်လှေ တစ်စီးနှင့် အသွာဒ တင်းမကျေးရွာအနီးတွင် စက်လှေပေါ်မှ တပ်မတော်သားများ၏ ဖမ်းဆီးခြင်းကိုခ ံခဲ့ရသူများဖြစ်သည်။
သူတို့အားလုံးသည် မည်သည့်အဖွဲ့အစည်းများနှင့်မျှ ပါဝင်ပတ်သက်မှုမရှိကြဘဲ မိသားစုဝင်များ စားဝတ်နေရေးအတွက် ရိုးသားစွာလုပ်ကိုင်စားသောက်နေကြသူများသာဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသည့် နေ့မှ ယနေ့အချိန်ထိ နေအိမ်များသို့ မရောက်ရှိကြသည့်အတွက် မိသားစုဝင်များ စိတ်ပူပင်မှုနှင့် စိတ်ဖိစီးမှုဒဏ်အမျိုးမျိုးကိုခံစားနေကြရသည်ဟုလည်း စာထဲတွင်ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများသည် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူများသာဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များ၊ ကျောက်တော်မြို့မ ရဲစခန်း၏ထောက်ချက်၊ အိမ်ထောင်စုစာရင်းမိတ္တူမှန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်နှင့် သူတို့၏ကိုယ်ရေးအချက်အလက်များအား ပူးတွဲပေးပို့လိုက်ခြင်းဖြစ်သည်။
"အဓိကတော့ ဒီစာမှာ ထူးခြားချက်ကတော့ ဖမ်းဆီးခံထား၇တဲ့ ၆ ယောက်ဟာ အသက် အရွယ်လည်း ကြီးတယ်။ အသက် ၂၀ ဝန်းကျင်ဆိုလို့ တစ်ယောက်ပဲ ပါတယ်။ အမှန်တကယ် ဈေးရောင်း နေတဲ့လူတွေဖြစ်တယ်။ အကျင့်စာရိတ္တကောင်းမွန်တဲ့လူတွေဖြစ်တယ်ဆိုတာကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းထောက်ခံချက်တွေပါ ပူးတွဲပြီးတော့ ပါလာတယ်"ဟု ကျောက်တော် မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က နိရဥ္စရာကိုပြောသည်။
အဆိုပါစာကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီနှင့် ကျောက်တော်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များသို့လည်း မိတ္တူပေးပို့ထားကြောင်း သိရသည်။
အဆိုပါနေ့က ၎င်းစက်လှေ ပေါ်တွင် စက်လှေပိုင်ရှင် ယူဆောင်လာသည့် ဆန်အိတ် ၁၇၀ နှင့် အရက်ပုံးများကို စစ်တပ်က သိမ်းလိုက်ပြီး စက်လှေပိုင်ရှင်နှင့် အမျိုးသမီး ၁၃ ဦးကို ပြန်လွတ်ပေးခဲ့သည်။
---------------------------
Unicode: