Preview

မင်းပြားမြို့နယ်တွင် တိုက်ပွဲပြင်းထန်၍ ဖားပြိုရွာသားအများအပြားဒဏ်ရာရ၊ နေအိမ်များမီးလောင်

မတ် ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :6276
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၉ /၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာ အရှေ့ဖက်တောင်တန်းတွင် ယနေ့ ညနေ ၅ နာရီ အချိန်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး  ဖားပြိုကျေးရွာသား အများအပြား ဒဏ်ရာရရှိပြီး နေအိမ် ၈ လုံးမီးလောင်သွားသည်ဟု ဒေသခံများထံမှ သိ၇သည်။

" တိုက်ပွဲက ၅ နာရီ လောက်မှာ  စဖြစ်တယ်။ တစ်နာရီနီးပါးလောက်ဖြစ်ခဲ့တယ်။ အခုရွာမှာ အိမ် ၈ လုံးလောက် မီးလောင်နေတယ်။ လူ ၁၀ ကျော်လောက်လည်း ဒဏ်ရာရတယ်လို့ သိရတယ်။ မီးကအခုထိမငြိမ်းသေးဘူး။ ကားလည်းတစ်စီးမီးလောင်သွားတယ်။ ဘယ်သူတွေ ဒဏ်ရာ ရသွားတယ်ဆိုတာကိုလည်း အတိအကျတော့ မပြောနိုင်သေးဘူး။ မင်းရွာဆေးခန်းဖက်ကို သွားတဲ့ လူတွေလည်း သွားကြပြီး။ အခုမင်းပြား ဆေးခန်းဖက်ကို သွားဖို့ လုပ်နေတဲ့သူတွေလည်း လုပ်နေတယ်။ တိုက်ပွဲဖြစ်တာက ရွာအရှေ့ဖက်က တောင်တန်းမှာ ဖြစ်တာပါ ။ ရွာမြောက်ဖက်မှာ ရှိတဲ့ သင်္ချိုင်းတောင်ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ̏ လောလောဆယ် သေနတ်သံတွေတော့ ကြားနေရတယ်။ ရွာထဲကလည်း မီးခိုတွေတော့ ထွက်နေတယ်။ မီးလောင်တာတော့ဟုတ်တယ်။ အနီးအနားက ကျေးရွာ တာဝန်ခံ တစ်ဦးက  အိမ်ရှစ်ဆောင် မီးလောင်သွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ကလေးတွေ၊ မိန်းခလေးတွေလည်း ပါတယ်ဆိုတာကို သိရတယ်။ ဘယ်နှဦးလဲဆိုတာတော့ ကျွန်တော် အတိအကျမသိရသေးဘူး˝ဟု ပြောသည်။

ဒေသအတွင်းက လူမှုရေး လုပ်ဆောင်နေသူ တစ်ဦးက တိုက်ပွဲထဲက လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲ၍ ဖားပြိုရွာသား ၁၀ ဦးခန့်  ဒဏ်ရာရရှိသွားကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းအပြည့်အစုံကို နိရဥ္စရာသတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်ပါသည်။

-----------------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၉ /၂၀၂၀








#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.