ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၁၃/ ၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်သို့ ခိုလှုံရန် ရောက်ရှိလာသူ စစ်ဘေးရှောင် အရေအတွက်မှာ ယနေ့နံနက်ထိ လူပေါင်း ၆၂၉ ဦး ရှိလာနေပြီဟု သတင်းရရှိသည်။
ပ၇ဟိတ အကျိုးဆောင်အဖွဲ့မှ ဦးမောင်ထွန်းခင်က “ ဒီကနေ့ နံနက် ၈ နာရီမှာ နောက်ထပ် ၁၇ ဦးရောက်ရှိလာပါတယ်။ မနေ့ကထိ ကျောက်တော်မြို့ ၊ မြို့သစ်ရပ်ကွက်၊ နေပူခံ IDP စစ်ရှောင် စခန်းကို ရောက်လာတာက ၆၁၂ ဦး၊ ဒီနေ့ ၁၇ ဦးနဲ့ ဆိုရင် အခု စုစုပေါင်း ၆၂၉ ဦးရှိသွားပါပြီ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ရောက်ရှိလာကြသည့် ကျေးရွာသားများမှာ ပြိုင်းတိုင်း၊ လောင်ရှည်၊ မီး၀၊ မုန့်သန်းပြင်၊ ဂြင့်ခါးစေ့၊ အောင်သာယာနှင့် ကျောက်တန်းကျေးရွာတို့မှ ဖြစ်ကြပြီး ၎င်းကျေးရွာများ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ လူများ သေဆုံး ဒဏ်ရာရခြင်း၊ အိမ်များ မီးလောင်ခြင်းများရှိနေသဖြင့် ကြောက်လန့် ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း သိရှိရသည်။
“ အခု နေပူခံ IDP စစ်ရှောင်စခန်းကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေ အတွက် ဘယ်ကမှ အကူအညီ မရသေးပါဘူး။ ကျောက်တော်မြို့ပေါ် အရေးပေါ် ကူညီထောက်ပံ့ရေး အဖွဲ့က ထောက်ပံ့တာနဲ့ ဖြေရှင်းနေပါတယ်။ ဟိုလူက ဆားတစ်အိတ်၊ ဆန်တစ်အိတ် ဒီလို လာလှူတာတွေတော့ ရှိပါတယ်။ မနေ့ကလည်း ဆန် ၁၀ အိတ် လာလှူသူတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။
လက်ရှိ ရောက်ရှိလာကြသူများအတွက် စားနပ်ရိက္ခာများ အပါအဝင် အဝတ်အထည်၊ စောင်၊ ကြမ်းခင်း၊ ခြင်ထောင်များ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။
-------------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၁၃/ ၂၀၂၀