Preview

ကျောက်တော်မြို့နယ် သရက်တပင်မှ ဦးခေါင်း ကျည်ဆံထိမှန်ခဲ့သည့် ဒေါ်နွယ်နွယ်ဦး စစ်တွေဆေးရုံသို့ရောက်ရှိ

မတ် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :7782
ရခိုင် သတင်း

အောင်လင်းထွန်း
နိရဉ္စရာ၊ မတ်လ ၁၃ ရက်/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင် သိန်းတန်ရွာမှ ယနေ့ နံနက်က လက်နက်ကြီး ကျည်ပေါက်ကွဲသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် ဒေါ်နွယ်နွယ်ဦး (၃၉) နှစ်သည် ယနေ့ နေ့လယ်က ကျောက်တော်မြို့မှ စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာသည်။

ဒေါ်နွယ်နွယ်ဦးသည် ဦးခေါင်းအား သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု လူနာလိုက်ပို့လာသော ဒေါ်နွယ်နွယ်ဦး၏ သူငယ်ချင်းဖြစ်သူ ဒေါ်တင်တင်ဝင်းက ပြောသည်။

 “ ကျွန်မတို့ သေနတ်သံကြားလို့ ဗုံးခိုကျင်းမှာ ဝင်ပုန်းနေတဲ့ အချိန်မှာ စစ်ကားတန်းက သေနတ်ပစ်လို့ ဝင်လာပါတယ်။ အဲဒီ အချိန်မှာ သူမက ညီမဖြစ်သူကို လမ်းမထွက်ဖို့ သွားပြောတဲ့ အချိန်မှာ ဦးခေါင်းကို ထိပြီး ဒဏ်ရာရသွားတာပါ။ ကျွန်မနဲ့ နွယ်နွယ်ဦးက အတူတူ ဝင်ပြီး ဗုံးခိုကျင်းမှာ ရှိနေခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဒေါ်နွယ်နွယ်ဦးမှာ ဦးခေါင်းအား ထိမှန်ခဲ့သဖြင့် စစ်တွေဆေးရုံတွင် အရေးပေါ် ခွဲစိတ် ကုသရမည်ဖြစ်ကြောင်း သိ၇သည်။
                                                  
ယနေ့နံနက် ၆ နာရီခန့်က မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ ရန်ကုန်-စစ်တွေ အာရှလမ်း အတိုင်း မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်း မိုင်းဖောက်ကွဲတိုက်ခိုက်ခံရပြီးနောက် စစ်ယာဉ်တန်းများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့်
 ကျောက်တော်မြို့နယ် သရက်တစ်ပင် သိန်းတန်ကျေးရွာမှ ဒဏ်ရာ ၃ ဦးရရှိခဲ့သည်။

၎င်းဒဏ်ရာ ရရှိသူ ၃ ဦးမှာ ဦးဝင်းဇော်ဦး(၄၀) နှစ် (ဘ) ဦးမောင်ကျော်သန်း၊ ဒေါ်နွယ်နွယ်ဦး (၃၉) နှစ် (ဘ) ဦးကျော်သိန်းလှနှင့် ဒေါ်အေးသိန်းနု (၆၄) နှစ်ဖြစ်ကြောင်း သိ၇သည်။

ယနေ့ နံနက်  အစောကြီး ပစ်ခတ်မှု အတွင်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်မှ လူပေါင်း ၂၄ ဦးထိ ဒဏ်ရာရှိခဲ့သည်။

 ---------------------------

Unicode:


နိရ ဉ်စရာ၊ မတျလ ၁၃ ၇ကျ/၂၀၂၀




                                                  






#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.