Preview

တင်းမကျေးရွာသစ်မှ ရွာသား ၈ ဦးကို တပ်က မျက်နှာဖုံးစွပ်၍ ခေါ်ဆောင်သွားဟု မျက်မြင်ရွာသားများပြော

မတ် ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :4897
ရခိုင် သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသစ်မှ ရွာသား ၈ ဦးအား မျက်နှာဖုံးစွပ်၍ မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုက  ယနေ့ ညနေ ၄ နာရီခန့်က ခေါ်ဆောင်သွားသည်ဟု တင်းမကျေးရွာ မျက်မြင်ရွာသားများက ပြောသည်။

မျက်နှာဖုံးစွပ်ပြီး ခေါ်ဆောင်ခံရသူများမှာ တင်းမသစ်ကျေးရွာမှ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်းမောင်၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း သိ၇သည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၄ နာရီခန့်က တပ်မတော်သား ၁၀ ဦးခန့်သည် တင်းမကျေးရွာသစ် အတွင်းသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးဝင်လာကာ ကျေးရွာသားများအားစုပြီး အဆိုပါ ရွာသား ၈ ဦးကို ခေါ်ဆောင် သွားသည်ဟု အမည်မဖော်လိုသူ မျက်မြင်ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ပြီး ပြောပြသည်။

လုံခြုံရေးအရအမည်မဖော်လိုသည့် တင်းမကျေးရွာသစ်မှ ၎င်းကျေးရွာသားက“သူတို့က ရွာထဲကို သေနတ်ပစ်ပြီးတော့ ဝင်လာပါတယ်။ ဝင်လာပြီးတော့ ဘယ်သူမှမကြောက်နဲ့ မှဲ့တစ်ပေါက် မစွန်းစေရဘူး ဆိုပြီးရွာကလူတွေ အားလုံးကိုခေါ်ထုတ်ပါတယ်။ ရွာကလူတွေ အားလုံး စုနေကြတဲ့ အချိန်မှာ သူတို့က ရက္ခိုင့်တပ်တော် မကောင်းလို့လည်းပြောပြပါတယ်။ ပြောပြီးတော့ ရွာကလူ ၈ ယောက်ကို မျက်နှာကို အဝတ်နဲ့ ပိတ်ပြီးတော့ ခေါ်သွားပါတယ်” ဟု ပြောသည်။

ကျေးရွာသားများအား မျက်နှာဖုံးစွပ်ပြီး ထိုသို့ခေါ်ဆောင်သွားသည့်အတွက် ကျေးရွာသားများမှာ စိုးရိမ်းကြောက်လန့် နေရကြောင်၊ မည်သည့်အတွက် မျက်နှာဖုံးစွပ်ပြီး ခေါ်ဆောင်သွားသည်ကို မသိရကြောင်း တင်းမကျေးရွာသစ်မှ အဆိုပါ ကျေးရွာသားကဆက် ပြောသည်။

၄င်းက“တင်းမသစ်ကျေးရွာအရှေ့ဘက်က ငှက်ပျောတောင်လေး တစ်တောင်ရှိတယ်။ ရွာနဲ့ဆို ၃ ဖာလုံလောက်ဝေးတယ်။ အဲဒီဖက်ကို ခေါ်သွားပါတယ်။ စစ်သား ၁၀ ကျော်လောက်ပါတယ်။ ဘယ်စစ်တပ်ကလည်း ဆိုတာကိုတော့ မကြည့်လိုက်ရဘူး” ဟု ပြောသည်။

တပ်က ရွာသား ၈ ဦးအားမျက်နှာဖုံးစွပ်ပြီး ခေါ်ဆောင်သွားသည့်ဟု ပြောဆိုထားသည့်အတွက် ဟုတ်/မဟုတ်မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ခဲ့ရ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသည့်အတွက် တပ်ဘက်က သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိသေးပါ။

-----------------------------

Unicode:











#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.