Preview

ကျောက်တော်မြို့နယ်အတွင်း ညဉ့်အချိန်ပစ်ခတ်မှု အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရ

မတ် ၁၆/ ၂၀၂၀ | ကြည့်ရှုသူ :1890
ရခိုင် သတင်း

ချစ်အိလှိုင်၊ ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဥ္စရာ ၊ မတ် ၁၆/ ၂၀၂၀

၇ခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ယနေ့ နံနက် ၃ နာရီကျော်ခန့်တွင် ကုလားတန် မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်မှု ဖြစ်၍ ကျေးရွာ ၄ ခုမှ အရပ်သား ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာ ရရှိသူများမှာ အုပ်ကြွပ်ကျေးရွာမှ ၂ ဦး၊ ရောင်ဇူကျေးရွာ မှ ၂ ဦး ၊ အင်ဘာရီ မူဆလင် ကျေးရွာမှ  ၃ဦးနှင့်  ပေါက်လေ၀(တောင်) မှ ၂ ဦး စုစုပေါင်း  ၉ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ အုပ်ကြွပ်ကျေးရွာမှ ဦးမောင်လှဖြူ(၆၃)နှစ်အား စစ်တွေဆေးရုံသို့ ယူဆောင် လာကြောင်း သိရသည်။

အုပ်ကြွပ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက “ဒဏ်ရာရသွားတာက လက်နက်ကြီး ကျည်က အိမ်နှစ်အိမ်ကြားက လာပေါက်တာ။ အိမ်လည်းပျက်စီးသွားတယ်။ ဒဏ်ရာအများကြီးရတာက ဦးမောင်ဖြူလှမှာပါ။ လက်နက်ကြီးကျည်က သံတိုသံစတွေ အများကြီးပါ အဲဒီအိမ်မှာ” ဟုပြောသည်။

ကြောင်စွယ်ဖြူအုပ်စုအုပ်ချုပ်ရေးမှူးဦးအေးမောင်သိန်း က ၄င်းကျေးရွာအုပ်စုဝင်ဖြစ်သော ရောင်ဇူတောင်ပိုင်းမှ တစ်ဦးနှင့် ရောင်ဇူမြောက်ပိုင်းမှ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း အတည်ပြုပြောကြားသည်။

“ဒီသဲတက် ရွာနားကနေပစ်သွားတာ။ နေဗီကပစ်သွားတာလို့သိရတယ်။ လူတွေက အိပ်နေကြတာကို။ ဒဏ်ရာတော့ လက်နက်ကြီးကျည်စ ထိလို့ ရွာက ၂ ယောက် ဆေးရုံ တင်ထားလိုက်ရတယ်။ တိုက်ပွဲဖြစ်တာတော့ မသိဘူး။ နေဗီတစ်ဖက်တည်းက ပစ်သံကြားတာ။ မြစ်ကြောင်းတစ်လျှောက် ဦးလေးတို့ ကျေးရွာအုပ်စု အလှမဒီရွာ ဆုံးအောင်ပစ်သွားတာ။ နောက်ပိုင်းတော့ ကျန်တဲ့ဘယ်အထိပစ်သွားလဲမသိဘူး” ဟု ၄င်းကပြောသည်။

အုပ်ကြွပ်ကျေးရွာမှ ဦးမောင်လှဖြူ( ၆၃)နှစ်၊ ဦးနီလှထွန်း(၆၈)နှစ်၊ ရောင်ဇူကျေးရွာမှ (မောင်ကြာထွန်း(၃၉)နှစ်၊ ဦးသာထွန်း(၆၀)နှစ်တို့ ဖြစ်ကြပြီး နောက်ထပ်အင်ဘာရီ မူဆလင်ကျေးရွာမှ ၃ ဦး(အမည်မသိ) နှင့် ပေါက်လေ၀ကျေးရွာမှ  ၂ ဦး(အမည်မသိ)တို့ ဖြစ်ကြောင်းသိရသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ကုလားတန်မြစ် အတိုင်း အထက်ဘက်သို့ တက်လာသည့် စစ်ရေယာဉ်များကို အုတ်ကြွပ်ရွာအနီးမှ ရက္ခိုင့်တပ်တော် ( AA) မှ နံနက် စောစော ညဉ့် ၃ နာရီကျော်က ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး ဝင်းဇော်ဦး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဇော်မင်းထွန်း နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်တို့အား ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိခဲ့ပါ။

ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းဝင်းမှာ အစည်းအဝေးခန်းမ ထဲရောက်နေသဖြင့် ဖုန်းဖြေဆိုနိုင်ခြင်းမရှိသေးကြောင်းပြောသည်။

ကျောက်တော်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့အား ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

-----------------------------------

Unicode:


နိရဉ်စရာ ၊ မတျ ၁၆/ ၂၀၂၀













#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.