ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

"မိုးထက်မြင့်" တာဝါတိုင်ကုမ္ပဏီမှ ဝန်ထမ်း(၅) ဦးအား လွှဲပြောင်းပေးလိုက်ကြောင်း AA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၁၈/၂ဝ၂ဝ

"မိုးထက်မြင့်" တာဝါတိုင်တပ်ဆင်ရေးကုမ္ပဏီမှ ဗမာတိုင်းရင်းသား ဝန်ထမ်း(၅) ဦးအား ပြန်လည် ပို့ဆောင်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA)မှ မတ်လ ၁၇ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်လိုက်သည်။

အဆိုပါဝန်ထမ်း(၅) ဦးမှာ အာကာမင်းထက်၊ ဖြိုးကိုဇော်၊ ညီညီအောင်၊ ပြည့်ဖြိုးအောင်၊ ဂျေဖူဆဲ တို့ဖြစ်ကြပြီး ရသေ့တောင်မြို့နယ် ထွန်းရဝေ ရွာဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ထံ လွှဲပြောင်း အပ်နှံခဲ့သည်ဟု သိရသည်။

အဆိုပါ ဝန်ထမ်း ၅ ဦးထဲမှ တစ်ဦးဖြစ်သူ ကိုဖြိုးကိုဇော်က “ကျွန်တော်တို့ကို အပ်ခဲ့တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘယ်ကျေးရွာအုပ်ချုပ်ရေးမှူးမှန်း ကျွန်တော် မသိပါဘူး။ ဘယ်နေရာ မှာမှန်းလည်း မသိပါဘူး။ ကျွန်တော်တို့ကို ဘယ်မှာနေတယ်။ ဘယ်ကလာတယ်။ ဘာလုပ်တာလဲ အဲလို မေးပါတယ်။ ကျန်တာက ဘာမှ မလုပ်ပါဘူး။ သူတို့က ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒီထက်အပြင် ဘာမှ ပြောလို့ မရသေးဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

AA ၏ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းအတွင်းရှိ" မိုးထက်မြင့်" တာဝါတိုင်တပ်ဆင်ရေးကုမ္ပဏီမှ ဝန်ထမ်း(၅) ဦးသည် ရခိုင်ဒေသအတွင်း တာဝါတိုင်တပ်ဆင်ရေးလုပ်ငန်းအတွက် ပြီးခဲ့သည့် မတ်လ(၁၅) ရက်နေ့တွင် ရသေ့တောင်မြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့အသွားတွင် မြန်မာ့ တပ်မတော်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ရသေ့တောင် မြို့နယ်၊ ကျောက်တန်းရွာအနီး၌ ခံခဲ့ရကြောင်း၊ မည်သည့် တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိသည့်အပြင် မည်သည့်စစ်ဆေးခြင်းမှမလုပ်ဘဲ (အရပ်သား)ကရိန်းကားတစ်စီးအား မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံရသည့်ကြားမှ ထွက်ပြေးလွတ်မြောက်လာသော အဆိုပါ ဝန်ထမ်းများအား ရက္ခိုင့်တပ်တော်မှ မြန်မာ့တပ်မတော်၏လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားထဲမှ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် အဆိုပါ ဝန်ထမ်းများအား လိုအပ်သောစစ်ဆေးမေးမြန်းမှု အနည်းငယ်ပြုလုပ်ပြီး လုံခြုံစိတ်ချရမည့်အချိန်၊ နေရာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏လက်ထဲ၌ ကောင်းမွန်စွာ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ မတျ ၁၈/၂ဝ၂ဝ







ဆက်စပ် သတင်းများ