Preview

မာန်အောင်မြို့နယ်တွင် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

မတ် ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :9672
မှုခင်း သတင်း

အောင်လင်းထွန်း
နိရဉ္စရာ၊ မတ် ၁၈/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ စမုံတဲအုပ်စု၊ နတ်ပြင်ကျေးရွာနှင့် ၂ ဖာလုံခန့်အကွာ၌ မတ်လ ၁၇ ရက်နေ့ ညနေ ၅ ကျော်အချိန်ခန့်တွင် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အလောင်းကို နွားကျောင်းထွက်သွားခဲ့သူတစ်ဦးမှ  ကြာချောင်းထဲတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိချိန်တွင် အလောင်းမှာ ပုတ်ပွနေပြီဟု သိရသည်။

“ စမုံတဲအုပ်ချုပ်ရေးမှူးက အလောင်းတစ်လောင်းတွေ့တယ်ဆိုပြီး ဖုန်းဆက် အကြောင်း ကြားတယ်။ အဲဒီအလောင်းကို မာန်အောင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် စစ်ဆေးနေတယ်။ အလောင်းမှာ တော့ အပြစ်အနာအဆာမတွေ့ရဘူး။ ဘာကြောင့်သေဆုံးတာလဲဆိုတာတို့ မသိရသေးဘူး။”ဟု မာန်အောင်မြို့မရဲစခန်းမှ အမှုစစ်စာရေး ဇော်ဝင်းမြင့်က နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။

သေဆုံးသွားခဲ့သည့် အမျိုးသားအလောင်းကို ယနေ့မတ်လ ၁၈ ရက်နေ့တွင် သင်္ဂြီုလ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မာန်အောင်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်(၂/၂၀)ဖြင့်  အမှုဖွင့်ပြီးအရေးယူဆောင်ရွက်ထားကြောင်း သိ၇သည်။

ဓာတ်ပုံ- Iprd Man Aung

----------------------------

Unicode:



နိရ ဉ်စရာ၊ မတျ ၁၈/ ၂၀၂၀






ဓာတျပုံ- Iprd Man Aung

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.