Preview

မြောက်ဦးမြို့နယ်တွင် တောမီးလောင်ရာမှ မီးပွားများကျ၍ လူနေအိမ် ၈ လုံးမီးလောင်၊ ၂ လုံးပျက်စီး

မတ် ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :6880
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၁၈/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပီပင်ကုန်းကျေးရွာ၌ ယနေ့ မတ်လ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် တောမီးလောင်ရာမှ မီးပွား မီးစများကျ၍ လူနေအိမ် ၈ လုံး မီးလောင်သွားပြီး  ၂ လုံး  ပျက်စီး သွားကြောင်း သိ၇သည်။

၄င်းပီပင်ကုန်းကျေးရွာနှင့် ၁ မိုင်ကျော်အကွာ ရဲတပ်ရင်း (၃၁) တပ်ရင်းအနီး လယ်ကွင်းများ မီးလောင်ရာမှ စ၍ ပီပင်ကုန်းကျေးရွာ အနောက်မြောက်ထောင့်ရှိ တောင်ပေါ်တွင် မီးစွဲလောင်နေသည်ဟု သိရသည်။ ၎င်းမီးလောင်ရာမှ  မီးစ၊ မီးပွားများ ကျေးရွာနေအိမ်များသို့ ကျရောက်ကာ မီးလောင်ခြင်းဖြစ်ကြောင်း ၄င်းကျေးရွာသားများ က ပြောသည်။

“ ရဲတပ်ရင်း ၃၁ အနီးက တောင်ပေါ်ကိုမီးလောင်နေပါတယ်။ အဲဒီက  မီးစ၊ မီးပွားတွေ ကျပြီး  ကျွန်တော်တို့ ရွာထဲက အိမ်တွေကို ကျပြီး မီးစွဲလောင်တာပါ။ မီးလောင်နေတဲ့တောင်က ရွာကနေ အနောက်မြောက်ထောင့်ဖက်မှာ ရှိတာ။ မီးလောင်ရာမှာစပါးကျီလည်းပါသွားပါတယ်။ အိမ်က လုံး၀ပြာကျသွားပါတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကျန်ခဲ့ပါတယ်။ ကျွန်တော့မှာက သားသမီးတွေလည်းအများကြီးနဲ့ပါ။ ကံတရားလို့ပဲပြော၇မလားဗျာ။ အကုန်လုံး ၁၀ အိမ်လောက် လောင်မယ်ထင်ပါတယ်။ ၈ လုံးက ပြာကျသွားတယ်။ မီးသတ်ကား ၃ စီးရောက်နေပါတယ်” ဟု နေအိမ် မီးလောင်ရာတွင် ပါသွားသည့် ဦမောင်ကျော်သန်းက နိရဥ္စရာသတင်းဌာနအားပြောသည်။

မီးလောင်ပြကျသွားသည့် နေအိမ်များမှာ ဦးထွန်းတင်၊ ဦးမောင်ကျော်သန်း၊ ဦးကျော်ဝင်း၊ ဦးမောင်အေးကျော်၊ ဦးမောင်သန်းလှိုင်၊ ဦးမောင်အောင်ကျော်ညွှန့်နှင့် ဦးဝင်းကြည်တို့ အိမ်ဖြစ်ပြီး လူပေါင်း ၃၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည်ဟု ဆိုသည်။

ဒေါ်မစံလှ၏ နေအိမ်တစ်ဝက်မီးစွဲလောင်ကာ အိမ်ကို  ဖြိုချခဲ့ရကြောင်း၊ ဒေါ်ငွေစိန်မေ ၏ နေအိမ်အားမီးကူးမည်စိုး၍ ဖြိုဖျက်ခဲ့ရကြောင်း ဦးမောင်ကျော်သန်းက ပြောသည်။

ဦးအောင်ကျော်ညွှန့်တွင် ထော်လာဂျီတစ်စီးလည်း မီးစွဲလောင်ရာတွင် ပါသွားကြောင်း ၄င်းဦးမောင်ကျော်သိန်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအားဆက်သွယ်ရာ ၄င်းမီးသတ်တပ်ဖွဲမှ တာဝန်ကျ အရာရှိတစ်ဦး ကမီးလောင်နေသည်မှာ ဟုတ်မှန်ကြောင်း အပျက်အစီးနှင့် ဆုံးရှုံးမှုတန်ဖိုးအားမသိရသေးကြောင်းပြောသည်။

“အဲဒါကိုတော့အတိကျမသိရသေးဘူးဗျ။ တောမီးကစလောင်တာလို့သိရတယ်။ မီးလောင် တာတော့ ဟုတ်ပါတယ်။ လောလောဆယ်သိထားတာက အိမ် ၇ လုံး ၈ လုံးလောက် လောင်တယ်လို့ သိရတယ်။ အတိကျတော့ မဟုတ်ဘူး။ မီးသတ်ကားတွေပြန်ရောက်မှ ကျွန်တော်တို့ စာရင်းအတိကျသိ၇ပါမယ်” ၄င်းမြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရာရှိက ပြောသည်။

တောင်ပေါ်တွင် လောင်နေသော မီးမှာ ရှို့မီးလား၊ မတော်တဆ လောင်နေသော မီးလားဆိုသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

----------------------------

Unicode:



နိရဉ်စရာ ၊ မတျ ၁၈/ ၂၀၂၀










#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.