Preview

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘင်္ဂလာဒေ့ရှ်တွင် ပထမဆုံးလူသေဆုံး

မတ် ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :1645
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ မတ် ၁၈/ ၂၀၂၀ (နိုင်ငံတကာ)

မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပထမဆုံး လူတစ်ဦး သေဆုံးသွားခဲ့သည်။

၎င်းလူနာမှာ အသက် ၇၀ ကျော်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရသူ ဖြစ်ကာ စမ်းသပ်ကုသနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း ကူးစက်ရောဂါဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့်သုတေသနဌာန (IEDCR) မှ ညွှန်ကြားရေးမှူး ပါမောက္ခ Meerjady Sabrina Flora က ယနေ့တွင် IEDCR မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

လူနာသည် နာတာရှည်အဆုတ်ရောဂါ (COPD)၊ သွေးတိုးရောဂါ၊ နှလုံးပြဿနာများနှင့် ဆီးချိုရောဂါစသည့် ရောဂါများအကြိမ်ကြိမ်ကြုံတွေ့ခဲ့၇သူ ဖြစ်ကြောင်း သူမက ပြောကြားသည်။

လက်ရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေ၇သူ ၁၄ ဦးရှိသည်။ စုစုပေါင်းလူ ၁၆ ယောက်ကို သီးသန့်ခွဲထားပြီး ၄၂ ယောက်ကို ဆေးကုသမှုခံယူရန် ဆေးရုံတွင်ထားရှိသည်ဟု ပါမောက္ခ Meerjady Sabrina Flora က ပြောကြားသည်။

IEDCR သည်လွန်ခဲ့သော ၂၄ နာရီအတွင်း ၄၉ ယောက်မှနမူနာများကိုစမ်းသပ်ခဲ့သည်။ ယခုအချိန်အထိ ၃၄၁ ခုကို နမူနာအဖြစ် စမ်းသပ်ခဲ့သည်။

Ref: Bangladesh reports first coronavirus death, number of active cases now 14/ The daily Star

--------------------------

Unicode:








Ref: Bangladesh reports first coronavirus death, number of active cases now 14

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.