Preview

ပုဏ္ဏာကျွန်း လက်ဝဲမြိုင်ကျေးရွာတွင်ကောက်ရသည့်လက်နက်ကြီးကျည်ပေါက်ကွဲ၍ ရွာသားတစ်ဦးသေဆုံး

မတ် ၂၃/ ၂၀၂၀ | ကြည့်ရှုသူ :6898
ရခိုင် သတင်း

အောင်လင်းထွန်း

နိရဉ္စရာ၊ မတ် ၂၃/ ၂၀၂၀


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြိုင်ကျေးရွာတွင် ယနေ့ နံနက်က ကောက်ရသည့် လက်နက်ကြီးကျည် တစ်လုံးကို လွှင့်ပစ်ရန် သွားစဉ် ပေါက်ကွဲမှု ဖြစ်၍ အသက် ၃၀ ဝန်းကျင် ရွာသားတစ်ဦးသေဆုံးသွားခဲ့သည်။ 


သေဆုံးသူမှာ ဦးဘအေး၏သား ဝင်းထွန်း အသက် (၃၀) ဝန်းကျင်အရွယ်ဟု သိ၇သည်။


၎င်းသည် ယနေ့ နံနက်က ရွာပြင်တွေ့ရှိခဲ့သည့် လက်နက်ကြီး ကျည်တစ်လုံအား အိမ်သို့ ယူဆောင်လာခဲ့ကြောင်း၊ မိဘဖြစ်သူများမှ ၎င်းကျည်ကို လွှင့်ပစ်ရန် ပြောသဖြင့် ယနေ့နံနက်  အချိန်တွင် လွှင့်ပစ်ရန်သွားရောက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ပုဏ္ဏာကျွန်းမြို့နယ်မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးစိုးလင်းမှ နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။


“ ဟုတ်ပါတယ်။ အဲဒီလက်နက်ကြီးကို လွှင့်ပစ်ဖို့သွားတာ။ ဘယ်လိုလုပ် ပေါက်ကွဲတယ်ဆိုတာတော့ မပြောတတ်ဘူး။ ပွဲချင်းပီး သေတယ်” ဟု ၎င်းက ဆက်ပြောသည်။ 


ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦးအောင်သန်းတင် က “ ဒီနေ့မနက်ပိုင်းလောက်က လက်နက်ကြီးတစ်လုံးကို အိမ်သို့ ယူလာလို့ သူ့မိဘတွေက ဘာဖြစ်လို့ယူလာတာလဲ ပြန်လို့ လွှင့်ပစ်လိုက်လို့ လွှတ်လိုက်တဲ့အခါ လွှင့်ပစ်ရန်သွားတဲ့လမ်းမှာ ပေါက်ကွဲသွားတယ်။ ဒီလ  ၁၈ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ကုလားတန်မြစ်တစ်လျှောက်  နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တာရှိတယ်။ အဲဒီက မပေါက်ဘဲ ကျန်နေခဲ့တယ်လို့ထင်၇တယ်။ လက်နက်ကြီးက ပန်ကာပါတဲ့ အမျိုးအစားဖြစ်တယ်”ဟုပြောကြားသည်။ 


------------------------------- 

Unicode:





နိရ ဉ်စရာ မတျ ၂၃/ ၂၀၂၀












#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.