Preview

COVID-19 ကြောင့် ယနေ့စတင်သည့် ရခိုင်ပြည်နယ်လွှတ်တော် ယနေ့တွင်ရပ်နားလိုက်ရ

မတ် ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :10201
ရခိုင် သတင်း

သန့်မြတ်ခိုင်

စစ်တွေ၊ မတ် ၂၄/၂၀၂၀

ယနေ့တွင် စတင်ပြုလုပ်သည့် ဒုတိယအကြိမ် ၇ခိုင်ပြည်နယ် လွှတ်တော်(၁၃)ကြိမ်မြောက် အစည်းအဝေးကို ကိုရိုနာဗိုင်းရပ်စ် COVID -  19 ကြောင့် ယနေ့တွင်ပင် ယာယီ ရပ်နား လိုက်ရကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ်မြောက် ၇ခိုင်ပြည်နယ် လွှတ်တော်(၁၃)ကြိမ်မြောက်အစည်းအဝေးကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် ယာယီရပ်နားထားလိုက်ရကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ဦးစံကျော်လှက“ အခုမှစပြီးတော့ ဖြစ်တာဆိုတော့ သတိထားရဖို့ ကာလတစ်ခုရှိမယ်။ ဘယ်အချိန် အထိရပ်နားမလဲ ဆိုတဲ့အချိန်ကာလကို မပြောနိုင်ဘူး။ အဲဒါကြောင့် ဘယ်အချိန် ပြန်ခေါ်မလဲ ဆိုတာကိုလည်း မပြောနိုင်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း  မိမိနေရပ်ဒေသများသို့ ပြန်ပြီး မိမိအရပ်ဒေသမှလူထုအတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါအခြေအနေနှင့် ပတ်သက်သည့် ဆင့်ပွား သတင်းများ ပေးခြင်း၊ ဖြန့်စေခြင်း၊ မည်ကဲ့သို့ ကြိုတင်လုပ်ဆောင် နေထိုင်၇မည်ကို အသိပညာ ပေးခြင်းများ ပြုလုပ်မည်ဟုလည်း ၄င်းက ဆက်ပြောသည်။

“တခြားနိုင်ငံတွေကလည်း ပြောနေတာတွေရှိတယ်။ ပထမတော့ ငါတို့မြန်မာနိုင်ငံမှာမတွေ့။ အခု ဆိုရင်တော့ ပိုးရှိတဲ့လူနာနှစ်ယောက်ကို တွေ့ရတယ်။ အဲလိုဆိုတော့ ကိုယ်တို့ကလည်း သတိ ထားရတော့မယ်။ အထူးသဖြင့် ငါတို့ရခိုင်ပြည်ဆိုတာက ပိုပြီးတော့ ဆင်းရဲတယ်။ ပိုသတိ ထားရမယ်” ဟု ၇ခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ယာယီ ရပ်နားထားရသည့် အချိန်တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူများအနေဖြင့် တစ်စုံတစ်ရာအခက်အခဲနှင့် ရင်ဆိုင်ရပါက လွှတ်တော်အစည်းအဝေး မရှိသော်လည်း လုပ်ငန်းကော်မတီဝင်များက အလုပ်လုပ်ပေးလျင် ပြည်သူများ အတွက်ထိရောက်စွာလုပ်ပေး နိုင်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“လွှတ်တော်မှာကျတော့ ရေးရာကော်မတီရှိတယ်။ လုပ်ငန်းအဖွဲ့တွေရှိတယ်။ ဆိုတော့ ရေးရာကော်မတီတွေ လုပ်ငန်းအဖွဲ့တွေက အလုပ်လုပ်ပေးမယ်ဆိုရင် လွှတ်တော်အစည်းအဝေး လွှတ်တော် အခန်းအနားမရှိရင်လည်း တစိတ်တဒေသတော့ ဒေသခံပြည်သူများအတွက် ထိရောက်မှုနိုင်ပါတယ် ” ဟု ဦးထွန်းသာစိန်က ပြောသည်။

------------------------ 

Unicode:













#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.