Preview

ဂျက်တိုက်ယာဉ်များမှ ဗုံးကြဲသံကြောင့် ပလက်၀တွင် အသက် ၉ နှစ်အရွယ် မိန်းခလေးတစ်ဦး သတိလစ်

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :1146
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ်လ ၂၅/၂၀၂၀


ချင်းပြည်နယ်၊ ပလက်၀မြို့အနီး ဂျက်တိုက်ယာဉ်များဖြင့် ဗုံးကြဲရာမှ ထွက်ပေါ်လာသော အသံကြောင့် မိန်းခလေးတစ်ဦး လန့်ဖျပ်ကာ သတိလစ်သွားခဲ့သည်ဟု မိသားစုများက ပြောသည်။

၎င်းမိန်းခလေးငယ်မှာ ပလက်၀မြို့နေ ဦးစိန်ကျော်အေးနှင့် ဒေါ်နှင်းမြတို့၏ သမီး မသန္တာအေး (၉) နှစ် ဖြစ်ကြောင်း သိ၇သည်။

“အခုက တိုက်ပွဲမဖြစ်ဘဲ လာပစ်တာပါ။ ပလက်၀မြို့သူမြို့သားတွေလည်း ကြောက်လန့်ပြီး ဘာလုပ်၇မှန်း မသိဘူးဖြစ်နေကြပါပြီ။ ပလက်၀မြို့က ဧရိယာ တောင်တန်းတွေ ဗုံးကြဲ တာပါ။ သူတို့ဗုံးကြဲတဲ့ နေရာတွေမှာက ခူမီးမျိုးနွယ်စုတွေလည်း ယာခင်းတွေ လုပ်ပြီး နေကြတာ ရှိပါတယ်။ တောင်တန်းတွေက ယာခင်းတွေမှာလည်း မီးလောင်နေပါတယ်။ ဗုံးကြဲတဲ့ တုန်ခါမှုက တစ်မြို့လုံးကို မြေကြီးကနေ ထိန့်ပါတယ်။ အဲဒီ တုန်ခါမှုကြောင့် ကျွန်တော့်ရဲ့ ဝမ်းကွဲညီမလေး သတိလစ်နေပါတယ်။ အခုထိ သတိမ၇သေးပါဘူး။” ဟု ယနေ့ နေ့လယ် ၁ နာရီ ၄၃ မိနစ်ခန့်က နိရဥ္စရာမှ ဆက်သွယ်ခဲ့စဉ် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ယနေ့ နေ့လယ် ၁၂ နာရီ ၂၂ မိနစ်ကတစ်ကြိမ်၊ ၁၂ နာရီ ၄၅ မိနစ်ကတစ်ကြိမ်၊ ၁ နာရီ ၃၀ မိနစ်ခန့်က တစ်ကြိမ် ဂျက်တိုက်ယာဉ်တစ်စီးစီ လာရောက်ကာ ပလက်၀မြို့၏ ၃ မိုင်ခန့် ကွာဝေးသည့် အရှေ့ဘက်မှ တောင်တန်းများနှင့် မြို့နှင့် ၁ ဖာလုံခန့် ဝေးကွာသည့် အနောက်တောင်ထောင့်မှ တောင်တန်းများကို မိနစ်အနည်းငယ်ခန့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ပလက်၀မြို့မှ ဒေသခံတစ်ဦးကလည်း “ဒီနေ့ သုံးခါရှိပါပြီ။ တိုက်လေယာဉ်တွေနဲ့ လာပစ်တာပါ။ တစ်ခါလာပစ်ရင် အပေါ်က ပျံဝဲပြီး လေးမိနစ် ငါးမိနစ်လောက်စီ ကြာပါတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲ လာပစ်တာပါ။ အရင်တုန်းကလည်း တိုက်ပွဲမဖြစ်ဘဲ လာပစ်တာတွေ ရှိပါတယ်။ အဲဒီပစ်တဲ့အနားက တောင်တန်းတွေလည်း မီးလောင်နေပါတယ်။ တိုက်လေယာဉ်တွေ လာမပစ်ခင်တုန်းက ဘာပစ်ခတ်သံမှ မကြားရပါဘူး။ ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဒေသခံအား ယနေ့ နေ့လယ် ၁ နာရီ ၂၇ မိနစ်က နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဂျက်တိုက်ယာဉ်များဖြင့် လာရောက်ပစ်ခတ်၍ စိုးရိမ်ကြောက်လန့်ကာ ၄င်းတို့မှာ ဗုံးခိုကျင်းအတွင်း ခိုလှုံနေ၇ကြောင်းလည်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

------------------------

Unicode:



နိရဉ်စရာ၊ မတျလ ၂၅/၂၀၂၀








#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.