Preview

ကျောက်ဖြူမြို့တွင် SEZ စောင့်ကြည့်လေ့လာရေးအဖွဲ့ ခေါင်းဆောင်နှစ်ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံရ

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :5526
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ ၊မတ် ၂၆/ ၂၀၂၀

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်တွင် SEZ ကျောက်ဖြူအထူးစီးပွားရေးဇုံနှင့် ပတ်သက်၍ အစည်အဝေးကို ခွင့်ပြုလုပ်ချက် မယူဘဲ ပြုလုပ်သည်ဟုဆိုကာ SEZ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီဝင်၂ ဦးကို ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့် လိုက်သည်ဟု သတင်းရရှိသည်။

အမှုဖွင့်ခံရသူ နှစ်ဦးမှာ SEZ စောင့်ကြည့်လေ့လာရေးဦးဆောင်ကော်မတီဝင်များဖြစ်သည့် ဦးချမ်းမောင်နုနှင့် ဦးထွန်းကြည် တို့ဖြစ်ကြသည်။

၄င်းတို့ နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် ချောင်း၀အုပ်စု၊ ကုလားပါကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က SEZ ကျောက်ဖြူ အထူးစီးပွားရေးဇုန် SEZ နှင့် ပတ်သက်၍ နယ်မြေမှ ကျေးရွာ ၃၀ ကျော်တို့မှ တောင်သူ၊ လယ်သမားများနှင့် အစည်းအဝေး ပြုလုပ်ခဲ့၍ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ငြိမ်းစုစီ ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း ဦးထွန်းကြည်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ကျွန်တော်တို့ ကျောက်ဖြူအထူးစီးပွားရေးဇုံ ရေနက်ဆိပ်ကမ်း နဲပတ်သက်ပြီးတော့ အဲဒီ ဧရိယာထဲမှာ ရှိတဲ့ကျေးရွာသားတွေနဲ့လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုလုပ်ခဲ့တာရှိပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ခွင့်ပြုချက် မတင်တဲ့တွက် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက နေပြီးတော့ ကျွန်တော်နဲ့ နောက်တစ်ယောက်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်တာပါ။ တရားရုံးတော့ ဘယ်နေ့ တင်မလဲ မသိသေးပါဘူး” ဟု ၎င်းက ပြောသည်။

သူတို့နှစ်ဦးကို မတ်လ ၂၀ ရက်နေ့က တအမှုဖွင့်ခံခဲ့၇ပြီး ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးခံခဲ့ရကာ အာမခံဖြင့် အိမ်ပြန်ခွင့် ရရှိခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

အမှုဖွင့်ခံရသူနောက်ထပ်တစ်ဦးဖြစ်သူ ဦးချမ်းမောင်နုက “ဥပဒေတော့ ဥပဒေပေါ့ ပြည်သူလူထု ဒေသခံ လယ်သမားတွေ၊ ရေလုပ်သားတွေ အခွင့်အရေးကို ကျွန်တော်တို့ကပြောတဲ့ဟာကို တခုခု ချိုးဖောက် တာလည်း မရှိဘူး။ ဒီလူတွေအခွင့်အရေးနဲ့ SEZ က တစ်ခုခုဖြစ်လာရင် ဒီလူတွေဘယ်လိုတွေ ဖြစ်လာ နိုင်တယ် ဆိုပြီး အဲဒါမျိုးတွေကို ကျွန်တော်တို့ ဟောပြောတာပါ။ ဒီလိုတကယ့်ခံရမဲ့လူတွေတွက် သူတို့ အခွင့်အရေးတွေကိုကာကွယ်ပြီးပြောတဲ့ဟာကို ပြောခွင့်မရှိဘူးဆိုတော့ မတရားဘူးလို့ ယူဆ တာပေါ့နော်”ဟု ပြောသည်။

ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူ း ဦးစိုးမိုးကျော်က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၄င်းတို့နှစ်ဦးအား အမှုဖွင့်ထားသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။

“၂၀ရက်နေ့မှာ အဲဒီမှာချောင်း၀အုပ်စု ကုလားပါရွာမှာကျောက်ဖြူအထူးစီးပွားရေးဇုံ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲလုပ်တယ်ပေါ့။ ဥပဒေနဲ့အညီ ငြိမ်းစုစီ လုပ်ဖို့တွက် အသိပေးမတင်ပြလို့။ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်”ဟု ဦးစိုးမိုးကျော်က ပြောသည်။

အမှုဖွင့် ခံရသူ နှစ်ဦးမှ ဦးချမ်းမောင်နုမှာ SEZ စောင့်ကြည့်လေ့လာရေး ဦးဆောင်ကော်မတီဝင်လည်း ဖြစ်သလို ကျောက်ဖြူမြို့နယ် တောင်သူလယ်သမားအသင်း အတွင်းရေးမှူးလည်းဖြစ်ပြီး နှင့် ဦးထွန်းကြည်မှာ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးတို့ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့်ထားကြောင်း ဖုန်းဖြင့် အကြောင်းကြားလာပြီးနောက် ယနေ့တွင် အာမခံယူခဲ့ရခြင်းဖြစ်ကြောင်း သိ၇သည်။

၄င်းအစည်းအဝေးတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုံဧရိယာ အတွင်းမှ ကျေးရွာ ၃၀ ကျော်ထဲမှ တစ်ရွာ ၁၀ ဦးကျ ကို ဖိတ်ကြားခဲ့ပြီး အစည်းအဝေးသို့ လူဦးရေ ၄၀၀ နီးပါးတတ်ရောက်ခဲ့ကြောင်းသိ၇သည်။

---------------------

Unicode:


နိရဉ်စရာ ၊မတျ ၂၆/ ၂၀၂၀












#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.