Preview

တောင်ကုတ်-မအီကားလမ်းတွင် ရန်ကုန်မှပြန်လာသော ဘူးရွှေမော်ဘုန်းကြီးကျောင်းကား တိမ်းမှောက်၍ လူတစ်ဦးသေဆုံး

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :9111
မှုခင်း သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ မတ် ၂၇/ ၂၀၂၀

၇ခိုင်ပြည်နယ်၊ တောင်ကုတ်- မအီကားလမ်းတွင် ရန်ကုန်မှနေ ပြန်လာသော ဘူးရွှေမော် ဘုန်းတော်ကြီးကျောင်းမှ ကားတိမ်းမှောက်၍ လူတစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသူမှာ မအီမြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ ဦးခင်မောင်ဝင်း(၅၂)နှစ်ဖြစ်သည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တောင်ကုတ်မြို့နယ် ပေါက်ပြင်ကျေးရွာ အုပ်စု မိုင်တိုင်အမှတ် ၁၄ မိုင် ၁၆ ဖာလုံအရောက်တွင် ယာဉ်မှာ လမ်းဘေးထိုးဆင်းကာ တိမ်းမှောက် သွားခဲ့သည်ဟု ပေါက်ပြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကားလမ်းဘေး ထိုးဆင်းပြီးတိမ်းမှောက်သွားတာပါ။ ကားပေါ်မှာပါလာတဲ့လူတွေ ဒဏ်ရာ ရရှိတာကတော့ နည်းနည်းပါးပါးစီ ရကြတာပါ။ ဦးခင်မောင်ဝင်းက ဘာဒဏ်ရာမှ မရှိပဲသေသွားတာပါ။ အလောင်းကို တောင်ကုတ် ဆေးရုံကိုယူသွားတယ်” ဟု ၎င်းက ပြောသည်။

၄င်းယာဉ်ပေါ်တွင်သေဆုံးသူ ဦးခင်မောင်ဝင်းအပြင် ယာဉ်မောင်း ဦးဇော်နိုင်ဝင်း၊ ဦးငဖြူကြီး၊ ဒေါ်အေးကြည်၊ ဒေါ်ခင်မိုးတို့ လိုက်ပါလာကြသည်။ ၎င်းတို့သည် ရန်ကုန်မှ မအီမြို့၊ ဘူးရွှေမော် ကျေးရွာသို့ အပြန်တွင် ဘူးရွှေမော်ဘုန်းတော်ကြီး ကျောင်းမှ ကားဖြင့် လမ်းကြုံလိုက်လာရာ၌ တိမ်းမှောက်ခဲ့ကြခြင်း ဖြစ်ကြောင်း ၄င်းဦးခင်မောင်မြင့်က ဆက်ပြောသည်။

တောင်ကုတ်ရွာမရဲစခန်းက တာဝန်ရှိသူ ရဲအရာရှိကလည်း ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း အမှုဖွင့်ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။

“ အလောင်းနဲ့ ဒဏ်ရာ၇တဲ့လူ ၄ ဦးကို တောင်ကုတ်ဆေးရုံကို ယူသွားပါတယ်။ ယာဉ်မောင်းက အိပ်ငိုက်ပြီး လမ်းဘေးထိုးဆင်းသွာတာပါ။ ယာဉ်မောင်းကို အမှုဖွင့် အရေးယူရမယ်ဆိုပေမဲ့ အခု သူ့ကို ကိုယ်တိုင် ဆေးရုံတင်ထား၇တာပါ” ဟု ၄င်း ရဲစခန်း တာဝန်ကျ အရာရှိက ပြောသည်။

သေဆုံးသွားသူမှာ မည်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ကို မသိရှိရသေးပဲ ဆေးရုံ ဆေးစစ်ချက်ရရှိမှသာ သိရှိ၇မည်ဟု ၄င်းကဆက်ပြောသည်။

ပုံ/ kyawmyohtut Fb acc

----------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၇/ ၂၀၂၀










ပုံ/ kyawmyohtut Fb acc မှ

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.