ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ်လ ၂၈/ ၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် နိုင်ငံခြားရေနံတင်သင်္ဘောများနှင့် နိုင်ငံခြားသားအဝင်အထွက် ဆိုင်းငံ့တားဆီးရေးအတွက် ဆန္ဒဖော်ထုတ်ခွင့်ရရန် ယနေ့တွင် ငြိမ်းစုစီတင်လိုက်ပြီဟု သတင်းရရှိသည်။
ကျောက်ဖြူ တိုးချဲ့ရပ်ကွက်နေ မမိုးမိုအေးမှ မြို့နယ်ရဲတပ်ဖွဲ့မှူးသို့ မတ်လ ၂၈ ရက်နေ့တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ရရှိရန် ခွင့်ပြုချက်တင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးမျိုးလွင်က “ အခုက ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ဖြစ်ပွားနေတယ်။ အခုအချိန်ထိ နိုင်ငံခြားသားတွေ ဝင်ထွက်သွားနေတယ်။ ဒီကျောက်ဖြူမှာက နိုင်ငံခြားသားတွေ စီးပွားရေး လုပ်ကိုင်နေတာ အများကြီးရှိတယ်။ အဲဒါကြောင့် သူတို့ကို လက်ရှိ အခြေနေအရ အစိုးရက အဝင်အထွက်ကို ဆိုင်းငံ့တားဆီးပေးဖို့ အတွက်ပါ” ဟု နိရဥ္စရာသို့ ပြောသည်။
ယခုလက်ရှိ ကမ္ဘာပေါ်ဖြစ်ပွားနေသည့် ကူးစက်မြန် အဆုတ်ရောဂါ Covid-19 ကို ကာကွယ်ထိန်းချုပ်ရန်နှင့် ပြည်သူလူထု အသက်အန္တရာယ်ကင်းရှင်းစေရန် အတွက် ကျန်းမာရေးအရ အများလုံခြုံမှု အလေးထား ရေးတို့ အတွက် ကျောက်ဖြူမြို့နယ်အတွင်း ရေနံတင် သင်္ဘောများ အဝင်အထွက်နှင့် ကျောက်ဖြူ
ရှိ စီမံကိန်းများတွင် ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားများကိုလည်း ဆိုင်းငံ့တားဆီးပေးရန် တောင်းဆိုသွားမည်ဟု ဆိုသည်။
Covid-19 နှင့် ပတ်သက်ပြီး လက်ရှိအခြေနေတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးမှာ အထူးပင်အရေးကြီးသဖြင့် မြန်မာ အစိုးရ အနေဖြင့် ၇ခိုင်ပြည်နယ် (၈) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀တို့တွင် အင်တာနက် ဖြတ်တောက်ထားမှုကို ချက်ချင်းရုတ်သိမ်းပေးရန်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆို သွားမည်ဟု ၎င်းက ဆိုသည်။
၎င်းဆန္ဒဖော်ထုတ်ပွဲကို မတ်လ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီမှ နေ့လယ် ၃ နာရီအထိ ကျောက်ဖြူမြို့ အတွင်း လှည့်လည်ကာ ဦးမျိုးလွင်အပါအဝင် ကျား ၅ ဦး၊ မ၂ ဦး စုစုပေါင်း ရ ဦးတို့ ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိ၇သည်။
“ဗွီနိုင်း၊ ပိုစတာနဲ့ ရုပ်ပုံတွေကိုင်ပြီးတော့ပေါ့။ အသံနဲ့ ဆန္ဒပြမယ်ဆိုရင် လူတွေက စုဝေးလာနိုင်တယ်။ အဲဒါကြောင့် အသံတိတ်ပြီးပဲ လုပ်သွားတော့မှာ ဖြစ်ပါတယ်။ အသံတိတ် လုပ်ရင်လည်း တစ်ယောက်ကို ခြောက်ပေအကွာကနေ လုပ်မှာ။ ကျောက်ဖြူကိုဝင်လာတဲ့ နိုင်ငံခြားသားတွေမှာ ကိုရိုနာ မရှိဘူးလို့ ပြောလို့ မရဘူးပေါ့နော်။ တကယ်လို့သာ ရောဂါရှိခဲ့ရင် သူတို့ကတစ်ဆင့် ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို ကူးစက်သွားနိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်တို့က ဆန္ဒဖော်ထုတ်၇မှာ ဖြစ်ပါတယ်။” ဟု ဦးမျိုးလွင်က ဆက်ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လက်ရှိကာလတွင် လူစုလူဝေး မလုပ်ရဟု တားမြစ်ထားသဖြင့် ဆန္ဒဖော်ထုတ်မည့် ကိစ္စအား သက်ဆိုင်ရာမှ ခွင့်ပြုချက်မရခဲ့လျှင် နိုင်ငံခြားသားများ ဝင်ထွက်ခွင့်ကို ပိတ်ပင်ရန် မှာ အရေးကြီး၍ မတ်လ ၃၀ ရက်နေ့တွင် မဖြစ်မနေ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဦးမျိုးလွင်က ပြောသည်။
----------------------
Unicode:
နိရဉ်စရာ၊ မတျလ ၂၈/ ၂၀၂၀
(ဓာတ်ပုံ- ကျောက်ဖြူသို့ ဝင်လာသော နိုင်ငံခြားရေနံတင် သင်္ဘော)