Preview

ပုဏ္ဏားကျွန်း ပေါက်တောပြင်ရွာထဲ လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေ၊ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :6557
ရခိုင် သတင်း

နီမင်းထွန်း

နိရဥ္စရာ၊ မတ်လ ၂၉/၂၀၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ပေါက်တောပြင်ကျေးရွာထဲ ယမန်နေ့ ညနေက လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဦးထွန်းအောင်ဇံ (၆၆) နှစ်ဖြစ်သည်။ ၎င်းသည် ဆင်သည်ရွာမှ ပေါက်တောပြင်ကျေးရွာသို့ အလည် ရောက်ရှိနေသူ ဖြစ်ကြောင်း သိ၇သည်။

ဒဏ်ရာ၇သူသွားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး မမဲချေ(၂၆)နှစ်၊ ၄င်း၏ ယောက္ခမဖြစ်သူ ဒေါ် ဦးခင်မိုး(၅၈)နှစ်နှင့် မောင်မြင့်နိုင် (၃၈) နှစ်တို့ ဖြစ်ကြသည်။

“ မနေ့က ညနေပိုင်း ရွာနားကတောင်တန်းမှာ အေအေနဲ့ စစ်တပ်တို့ မိနစ် ၂၀ လောက် တိုက်ပွဲ ဖြစ်သံကြားတယ်။ အဲဒီမှာ ရွာထဲကို လက်နက်ကြီးကျည် တစ်လုံး ကျတယ်။ အိမ်ထဲမှာ ထိုင်နေကြတဲ့ အချိန်မှာ လက်နက်ကြီးကျည်ကျတာပါ။ ဆင်သည်ရွာက ဦးထွန်းအောင်ဇံ သေတယ်။ ကိုယ်ဝန်သည် ကတော့ ဒဏ်ရာနည်းတယ်။ ယောက္ခမှာတော့ ဒဏ်ရာပြင်းလို့ ဆေးရုံကို ပို့ရတယ် ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲသည် မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့က လက်နက်ကြီးကျည်ဆိုသည်ကို မသိ၇ကြောင်း၊ တိုက်ပွဲထဲက ကျလာသော လက်နက်ကြီးကျည် ဖြစ်ကြောင်း ကိုဦးနိုင်မင်းက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲဖြစ်သည်ကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုစားလှယ် ဦးအောင်သန်းတင်က အတည်ပြုသော်လည်း သေဆုံး ဒဏ်ရာရရှိမှုကို အသေးစိတ် မသိသေးဟု ပြောသည်။

ဒဏ်ရာရသူများကို အလယ်ချောင်းတိုက်နယ်ဆေးရုံသို့ ယူဆောင်သွားပြီး လက်ရှိတွင် ပေါက်တောပြင် တစ်ရွာလုံး နီးပါးနီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရသည်ဟု ဒေသအတွင်းမှ လူမှုရေးဆောင်ရွက်နေသူ ကိုအင်္ဂါအောင် (ခမီ) က ပြောသည်။

ပေါက်တောပြင်ကျေးရွာသည် အိမ်ခြေ ၅၀၀ နီးပါးရှိပြီရှိသည်ရွာတစ်ရွာဖြစ်သည်။ ၄င်းကျေးရွာအနီး တောင်တန်းတွင် လွန်ခဲ့သော ၆ လကျော်လောက် ကတည်းက မြန်မာတပ်မတော်စစ်ကြောင်း တစ်ခု တပ်စွဲထားကြောင်း သိ၇သည်။

--------------------

Unicode:


နိရဉ်စရာ၊ မတျလ ၂၉/၂၀၂၀









#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.