Preview

မင်းပြားတိုင်းဗဟို(၉)အနီး တိုက်ပွဲပြင်းထန်စွာ ထပ်မံဖြစ်ပွားသဖြင့် ကျေးရွာသားများထွက်ပြေး

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :4940
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ ၊ မတ် ၂၉/ ၂၀၂၀

၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ တိုင်းဗဟို(၉)တန်းမြင့် လေ့ကျင့်ရေးကျောင်း အနီးပတ်ဝန်းတွင် တစ်ညဉ့်လုံး တိုက်ပွဲ ဖြစ်ပွားသဖြင့် အိုးပုံတောင်ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တိုင်းဗဟို(၉)မှ မြောက်ဘက် တောင်တန်းများပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညဉ့် ၈ နာရီကျော်မှ စတင်ကာ တိုင်းဗဟို ၉ ကျောင်း ပတ်ပတ်လည်မှ သေနတ်ပစ်ခတ်သံများကို ကြားခဲ့၇သည်ဟု ဒေသခံများက ပြောဆိုသည်။

“ ကျွန်တော်ရွာအနီးမှာ ညနေ ၆ နာရီလောက်မှာ တိုက်ပွဲ ဖြစ်တယ်။ ည ၈ နာရီခွဲလောက်မှာ တိုင်းဗဟို(၉) လေးဘက် လေးတန်က ပစ်သံတွေကို ကြား၇ပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ တစ်ညဉ့်လုံး ဆူညံနေပါတယ်။ ည ၁၀ နာရီလောက်မှာ လေယာဉ်လာပါတယ်။ လေယာဉ်က ဗုံးတစ်လုံးနှစ်လုံးချပြီး ပြန်သွားပါတယ်။ အဲဒီနောက် ရွာသားတွေ ကြောက်ပြီး ထွက်ပြေးကြပါတယ်” ဟု ရွာကနေ ထွက်ပြေး လာသူ တစ်ဦးက ပြောသည်။

အိုးပုံတောင်ကျေးရွာသည် အိမ်ခြေ ၁၃၀ ကျော် လူဦးရေ ၆၀၀ ခန့်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်ပြီး တိုင်းဗဟို (၉) မြောက်ဘက် တစ်မိုင်ခွဲလောက် အကွာတွင် တည်ရှိသည်။

အိုးပုံတောင်ကျေးရွာမှ ဦးမောင်ဆန်းဝင်းက “တိုင်းဗဟို (၉) ဘက်က လက်နက်ကြီး စပစ်တာနဲ့ ရွာသားတွေ အကုန်ထွက်ပြေးကြတယ်။ တိုင်းဗဟို ၉ နဲ့ ရွာနဲ့ ခြေထောက်နဲ့သွားရင် မိနစ် ၂၀ လောက်သွားရတယ်။ ကျွန်တော်တို့ ညကတည်းက ပြိုင်းချောင်းရွာကို ကြောက်လို့ ပြေးလာကြတာပါ။ မိုးလင်းပေါက် အထိ ပစ်နေကြပါတယ်။ လက်နက်ကြီးတွေ ရွာအနီးအနားမှာ ကျပေါက်ပါတယ်။ ရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ သူတို့ကိုစောင့်ဖို့ မိသားစု အချို့ကျန်ခဲ့ပါတယ်။ အခုသူတို့နဲ့ အဆက်သွယ်မရသေးပါဘူး။ သူတို့ဖုန်းလည်း မကိုင်တတ်ပါဘူး။ စိတ်ပူပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပြိုင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေသိန်းကလည်း ၄င်းကျေးရွာသို့ အိုးပုံတောင်ကျေးရွာသားများ ထွက်ပြေးလာကြကြောင်း၊ တိုင်းဗဟို (၉) လေ့ကျင့်ရေးကျောင်းမှ မိုးလင်းပေါက်အထိ လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ခတ်သံ ကြား၇ကြောင်း အတည်ပြုပြောဆိုသည်။

“ရွာကို မနေ့ညကတည်းက အိုးပုံတောင် ရွာသားတွေ ထွက်ပြေးလာကြတယ်။ သူတို့ပြောတာတော့ ရွာနားတွေကို လက်နက်ကြီးတွေ ကျတယ်ပြောတာပဲ။ ကျွန်တော်တို့ရွာထဲကိုတော့ မကျဘူး။ ညကတော့ ရွာအထက်ဖက်က တောင်တန်းမှာ ရဟတ်ယာဉ်ပေါ်က လက်နက်ကြီးကျည် တစ်လုံးကျတယ်။ ငန်းတတ်နဲ့ ကျွန်တော်တို့ ရွာအကြားမှာ တစ်လုံးကျတယ်။ ရွာကလူတွေလည်း ကြောက်နေကြတယ်” ဟု ဦးထွန်းချေသိန်းက ပြောသည်။

ကမ်းနီးကျေးရွာမှ ဒေသခံ တစ်ဦးက “ တစ်ညဉ့်လုံး အသံတွေ ကြားရတယ်။ လက်နက်ငယ်ရော၊ လက်နက်ကြီးသံရော၊ ဆူညံနေတာပါဘဲ။ ဘာဖြစ်တယ်။ ဘာကြောင့် ပစ်တယ်ဆိုတာ မသိဘူး။ နှစ်ဖက် တိုက်ပွဲဖြစ်သလား။ ကျွန်တော်တို့က မသိဘူး။ သေနတ်သံတွေကို ဘဲ မနက်မိုးလင်း ရ နာရီ အထိ ကြားခဲ့၇ပါတယ်” ဟု ပြောဆိုသည်။

မင်းပြားမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က “ မနေ့ညကနေ ဒီကနေ့ မနက်ထိ ပစ်ခတ်သံတွေကို ကြား၇တာ မှန်ပါတယ်။ တိုင်းဗဟို ၉ ဘက်ကပါ။ ဘယ်သူမှ တိတိ ကျကျ မပြောနိုင်ဘူး။ အနီးအနား ကျေးရွာတွေကလည်း အကုန် ထွက်ပြေးကြတယ်။ ချဲချင်းတိုင်းရင်းသား ကျေးရွာအနီးမှာတော့ ဒီနေ့ မနက် ၆ နာရီလောက်မှာတိုက်ပွဲ ဖြစ်တယ်လို့ ပြောတယ်။ အခုသူတို့လည်း အကုန် ထွက်ပြေးနေကြတယ်” ဟု ပြောဆိုသည်။

၎င်းတိုက်ပွဲ ဖြစ်ပွားရာ နေရာမှ ၃ မိုင်ခန့်အကွာ စိတ္တရကျေးရွာ နောက်ဘက် တောင်များပေါ်ကိုလည်း ညဉ့် ၁၁ နာရီအချိန်က လေယာဉ်ပေါ်မှ ဗုံး ၂ လုံးချခဲ့သဖြင့် ကျေးရွာသားများမှာ အထူးထိတ်လန့် စိုးရိမ်နေကြသည်ဟု ရွာသားတစ်ဦးက ဖုန်းဆက်ပြောကြားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဇော်မင်းထွန်းတို့အား နိရဥ္စရာသတင်းဌာနမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် အတွက် အကြိမ်ကြိမ်ဆက်သွယ်သော်လည်းဆက်သွယ်မှု မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသန့်အား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

AAမှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မှု မရရှိသေးပါ။

၄င်းတိုင်းဗဟို (၉)အား မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) မှ အင်အား ၃၀၀ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၎င်းနောက်ပိုင်းတွင်လည်း တိုင်းဗဟို(၉)အနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများမှသိ၇သည်။

-----------------------------

Unicode


နိရဉ်စရာ ၊ မတျ ၂၉/ ၂၀၂၀
















#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.