ချစ်အိလှိုင်၊ နီမင်းထွန်း
နိရဥ္စရာ၊ မတ် ၃၀ / ၂၀၂၀
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် COVID -19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အမျိုးသားတစ်ဦးကို ယနေ့ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ထပ်မံတွေ့ရှိကြောင်း သတင်းရရှိသည်။
အသက်(၃၃)နှစ်အရွယ်ရှိသည့် ၄င်းလူနာသည် စစ်တွေမြို့ စက်ရုံစုရပ်ကွက် မီးလောင်ကွင်းမှဖြစ်သည်။
သူသည် မတ်လ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံမှ စစ်တွေသို့ပြန်ရောက်လာပြီးနောက် စက်ရုံစု ရပ်ကွက် မီးလောင်ကွင်းတွင် ၅ ရက်နေထိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် သူသည် နေမကောင်းသည့်လက္ခဏာဖြစ်ပေါ်လာ၍ ရပ်ကွက်သူ/သားများက ရပ်ကွက် အုပ်ချုပ်ရေးမှူးအား သွားရောက်တိုင်တန်းရာမှ ၄င်းအား ဆေးရုံမှ လာရောက် ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု သိရသည်။
“ဒီနေ့စစ်တွေဆေးရုံကို COVID -19 သံသယလူနာတစ်ဦးရောက်ပါတယ်။ သူဟာ တရုတ်က ပြန်လာတာပါ။ လက်ရှိသူ့အခြေအနေကတော့ ကျန်းကျန်းမာမာပါ။ သူ့ရဲ့ ဆေးစစ်ချက်တွေကို မနက်ဖြန်ရန်ကုန်ကို ပို့မယ်” ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က နိရဥ္စရာ သတင်းဌာနအားပြောသည်။
လက်ရှိတွင် စစ်တွေဆေးရုံ၌ ယနေ့တွေ့ရှိသည့် သံသယ လူနာ အပါအဝင်(၅) ဦးရှိနေပြီး ယခင် (၄) ဦးမှာ ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်း ၄င်းက ဆက်ပြောသည်။
ယမန်နေ့ မတ်လ ၂၉ ရက်နေ့၊ ညနေပိုင်းတွင်လည်း ငပလီကမ်းခြေသို့ရောက်ရှိနေသည့် ၁၇ နှစ်အရွယ် ဂျာမဏီနိုင်ငံသားအမျိုးသားတစ်ဦးအား သံသယလူနာအဖြစ် သံတွဲမြို့ခရိုင်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ထားရသည်ဟု သိ၇သည်။
မြန်မာနိုင်ငံတွင် မတ်လ ၃၁ ရက်နေ့ နံနက်ထိ COVID -19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ ၁ ဦး၊ ရောဂါပိုးရှိသူ ၁၃ ဦးရှိကြောင်း သိရှိ၇သည်။
---------------------------
Unicode:
နိရဉ်စရာ၊ မတျ ၃၀ / ၂၀၂၀