ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ဘေးသင့်ပြည်သူ ၁၆၄၂၁၁ ဦးထိရှိလာဟု REC ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ မေ ၁/၂ဝ၂ဝ

၂ဝ၂ဝ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ထိ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့် ပြည်သူအရေအတွက်ဟာ ၁၆၄၂၁၁ ဦးရှိလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( Rakhine Ethnics Congress) က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ၂ဝ၂ဝ ဧပြီလ ၃ဝ ရက်နေ့ ညနေ(၇) နာရီထိ နောက်ဆုံး ကောက်ယူရရှိတဲ့ စာရင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

REC ရဲ့ ထုတ်ပြန်ချက်အရ စစ်ဘေးသင့် ပြည်သူ ၁၆၄၂၁၁ ဦး အထဲမှာ စခန်းပြင်ပစစ်ဘေးသင့် ဒုက္ခသည် ဦးရေကတော့ ၁ဝ၁၆၇ဝ ဖြစ်ပြီး စခန်းရောက် စစ်ဘေးဒုက္ခသည် ဦးရေက ၆၂၅၄၁ ဦးရှိတယ်လို့ ဆိုပါတယ်။

စခန်းရောက် စစ်ဘေးဒုက္ခသည် ဦးရေက မြို့နယ်အလိုက် စာရင်းတွေကို ဖော်ပြရာမှာတော့ ပုဏ္ဏားကျွန်း မြို့နယ်မှာ ၅၆၅၆ ဦး၊ ကျောက်တော် မြို့နယ်မှာ ၁၅၈ဝ၉ ဦး၊ မြောက်ဦးမြို့နယ်မှာ ၁၂၈၂၇ ဦး၊ မင်းပြားမြို့နယ်မှာ ၁၆၉၈၈ဦး၊ မြေပုံမြို့နယ်မှာ ၆၂၄၆ ဦး၊ အမ်းမြို့နယ်မှာ ၆၅၉၂ ဦး၊ ရသေ့တောင် မြို့နယ်မှာ ၁၈၁၂၁ ဦး၊ ဘူးသီးတောင်မြို့နယ်မှာ ၁၇၂ဝ၁ ဦး၊ ပေါက်တောမြို့နယ်မှာ ၁၄၉၂ ဦးနှင့် စစ်တွေမြို့နယ်မှာ ၇၃၈ ဦးတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ဧပြီလအတွင်း စခန်းအများအပြားကို ပုံမှန်ပေးနေတဲ့ စားနပ်ရိက္ခာထောက်ပံ့မှု မရှိတာတွေအပြင် စခန်းရှိ ယာယီတဲများ ပြိုပျက်လာနေပြီး မိုးစတင်ရွာသွန်းမှုများကြောင့် နေစရာ အခက်အခဲ ရှိလာသလို သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတဲ့ အတွက် ဒီအခက်အခဲတွေဟာ လွန်စွာစိုးရိမ် ဖွယ်ရာ ဖြစ်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 ရောဂါကူးစက်ခံရမှာကို စိုးရိမ်တဲ့အတွက် ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေက စစ်ဘေးရှောင်စခန်းအချို့မှာ လုံခြုံမှုစိုးရိမ်ရတဲ့ ကြားထဲက နေရပ်ကို မလွှဲမရှောင်သာ ပြန်သွားခဲ့တဲ့ အိမ်ထောင်စု အများအပြားရှိလာနေတယ်လို့ ဖော်ပြထားပါတယ်။

REC အနေနဲ့ ခုလို ပုံမှန် စစ်တမ်းကောက်ယူရတဲ့ ရည်ရွယ်ချက်က
-လက်နက်ကိုင် ပဋ္ဋိပက္ခကြားမှာ အတိဒုက္ခရောက်နေရကြရတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အရေအတွက်နဲ့ ဆင်းရဲဒုက္ခတွေကို သက်ဆိုင်သူများသိရှိပြီး ပြည်သူလူထုကို မထိခိုက်စေတဲ့ နိုင်ငံရေးနည်းဖြင့်သာ ဆွေးနွေးအဖြေရှာကြစေလိုခြင်း
-ပြည်သူလူထုက တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူကို ကာကွယ် စောင့်ရှောက်တဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို အာမခံစေလိုခြင်းနဲ့
- ထိခိုက်နစ်နာသူတွေ အတွက် အစိုးရနှင့် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ကူညီထောက်ပံ့မှုတွေ ပေးနိုင်ရေး အတွက် အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်တယ်လို့လည်း ဖော်ပြထားပါတယ်။

-----------------

Unicode:


နိရဉ်စရာ၊ မေ ၁/၂ဝ၂ဝ








ဆက်စပ် သတင်းများ