သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် မာန်အောင်မြို့နယ်မှ နာမည်ကြီးမြေနီတောင်ဘုရားပေါ်တွင် လူစုလူဝေးမဖြစ်ရန် ညွှန်ကြားချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

နိရဥ္စရာ၊ မေ ၆/၂ဝ၂ဝ

ကိုရိုနာဗိုင်းရပ်စ် (Covid – 19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ နာမည်ကြီး မြေနီတောင်ဘုရားပေါ်မှာ လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာကနေ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

မာန်အောင်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်အရ ငပုန်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးကနေ မြေနီတောင်ဘုရားဂေါပက အဖွဲ့ကို ကိုရိုနာဗိုင်းရပ်စ် (Covid – 19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်းမှာ မြေနီတောင်ပေါ်တွင် လူစုလူဝေး မပြုလုပ်ရန်နဲ့ လူ (၅) ဦးထက် လူစု လူဝေး မလုပ်ဖို့ အသိပေး အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။

ခုလို ပြုလုပ်တာဟာ ကိုရိုနာဗိုင်းရပ်စ် (Covid – 19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို ထိန်းချုပ်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လူစုလူဝေး မဖြစ်ပေါ်ရေးအတွက် ဘာသာရေး၊ လူမှုရေး၊ ပွဲလန်းသဘင်တွေမှာ လူ (၅) ဦးထက် မပိုရေးအတွက် မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနက ၂ဝ၂ဝ ခုနှစ် မေလ ၄ ရက်နေ့က စာထုတ်ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

မာန်အောင်မြို့နယ်က မြေနီတောင်ဟာ မြို့နယ်အတွင်း ထင်ရှားတဲ့ တောင်တစ်တောင်ဖြစ်ပြီး တောင်ပေါ်ကနေ မာန်အောင်ကျွန်းရဲ့ တောတောင်သဘာဝ အလှတွေနဲ့ ဘင်္ဂလားပင်အော်ကို ကြည့်ရှုနိုင်ပြီး မြေနီတောင်ဘုရားဟာလည်း နာမည်ကြီး ဘုရားဖြစ်တဲ့ အတွက် နှစ်စဉ်နှစ်တိုင်း ပွင့်လင်းရာသီမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေနဲ့ စည်းကားလေ့ရှိတယ်လို့ သိရပါတယ်။

------------------------

Unicode:


နိရဉ်စရာ၊ မေ ၆/၂ဝ၂ဝ







ဆက်စပ် သတင်းများ