တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့မစျေးကြီးထဲမှ ပျံကျစျေးသည်များကို နေရာပြောင်းရွှေ့၊ အမိုးအကာများ အမြန်စီစဉ်ပေးရန်လိုအပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

နီမင်းထွန်း

နိရဥ္စရာ၊ မေ ၇/၂ဝ၂ဝ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မစျေးကြီးထဲမှ ပျံကျစျေးများကို စည်ပင်မှ စျေုးပြင်ဘက် ဖောင်တော်ကြီး အနီးရှိ BXTတိုးချဲ့ မြေဖို့နေရာသို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်းရရှိသည်။

သို့သော် အမိုးအကာများ မရှိသဖြင့် နေပူပြင်ထဲတွင် ရောင်းချနေရ၍ အမိုးအကာများ အမြန်စီစဉ်ပေးရန် လိုအပ်သည်ဟု ပျံကျစျေးသည်များက ပြောဆိုသည်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံများအပါအဝင် စားသောက် ရောင်းကုန်များကို နေပူပြင်တွင် ရောင်းချနေရ၍ စျေးလာဝယ်သူ နည်းပါးပြီး ရောင်းချသူများအနေဖြင့်လည်း နေပူထဲတွင် ထီးကာ၍ရောင်းနေကြရသဖြင့် အခက်အခဲဖြစ်နေသည်ဟု ရာသီပေါ်သီးနှံများကို ရောင်းချနေသည် စျေးသည် ဒေါ်ခင်ခင်ဝင်းကပြောသည်။

“စျေးကို ဒီဘက်ကိုပြောင်းလိုက်တဲ့အတွက် စျေးဝယ်တွေလည်းပါးတယ်။ နေလည်းပူတော့ လူတွေက မလာကြဘူး။ ဝယ်သူမလာတော့ မရောင်းရဘူး။ အရင်းဆုံးတယ်။ အခုစည်ပင်ကချပေးထားတဲ့ဒီနေရာမှာ အမိုးလည်းမရှိဘူး။ နေပူတယ်။ နေခင်းဘက်ဆိုရောင်းလို့ မရတော့ဘူး။ အရင်ကဆိုရင် နှစ်သိန်း သုံးသိန်း ဖိုးလောက်ရောင်းရတယ်။ အခုငါးသောင်းဖိုးတောင် မရောင်းရတော့။ ငွေချေးငှားလို့ လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် တော်တော်အခက်အခဲဖြစ်တယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ယခုကဲ့သို့ ပြောင်းရွှေ့လိုက်သည့် ပျံကျစျေးကို အစိုးရအနေဖြင့် အမိုးအကာများဖြင့် စနစ်တကျ အမြန် လုပ်ဆောင်ပေးဖို့ကိုလည်း ၄င်းက တောင်းဆိုသည်။

စစ်တွေမြို့မစျေးတွင် နှစ်ပေါင်း ၂ဝ ကျော်ကြာအထိ ရောင်းချခဲ့ပြီဖြစ်သည့် စျေးသည် ဒေါ်ဦးယဉ်စိန်က “ အစကတော့ ကိုရိုနာဗိုင်ရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် ယာယီပြောင်းရမယ်လို့ပြောတာ။ အခု အမြဲတမ်းရောင်းရတော့မယ်လို့ပြောတယ်။ ဒီနေရာမှာက အဆင်မပြေဘူး။ လူတွေကတော့ အစိုးကအဆောက်ပေးမယ် သိန်း ၃ဝ၊ ၄ဝ ပေးရမယ်လို့ ပြောနေကြတယ်။ ဟင်းရောင်းနေတဲ့ ကျမတို့မှာ ဘာမှမရှိဘူး” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးက

ပျံကျ စျေးများကို ယခင်ကပင်စည်ပင်ပိုင်သည့် ကမ်းနားလမ်း BXT ဆောက်လုပ်ရေမြေ ၂ ဧကထဲတွင် စျေးရုံများ ဆိုင်ခန်းများ စနစ်တကျ ဆောက်လုပ်ထားရန် အစီအစဉ်ရှိပြီး လက်ရှိတွင်ပျံကျစျေးများကို COVID 19 ကြောင့် ယာယီနေရာချထားခြင်းဖြစ်သည်။ ယခုစျေးသည်များအခက်အခဲနှင့်ပတ်သက်၍လည်း အမြန်ဆုံးဆောင်ရွက်နေကြောင်းပြောသည်။

“COVID 19 ကြောင့် အရေးပေါ်ပြောင်းလိုက်ရတဲ့အတွက် စျေးသည်တွေအခက်အခဲရှိမယ်။ အဲဒါ ပတ်သတ်ပြီး ကျနော်တို့ပျံကျစျေးရုံတွေ ဆောက်လုပ်လို့ရအောင် ကုမ္ပဏီနှစ်ခုကို အဆိုပြု တင်ပြထားတာ ရှိတယ်။ အဲဒါကိုအမြန်ဆုံးစီစစ်ပြီး စျေးသည်တွေ အမိုးအကာအောက်ကို ရောက်အောင် လုပ်ဆောင်နေတယ်” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၄င်းပျံကျစျေးသည်များကို ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများကို ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရခိုင်ပြည်နယ်စည်ပင်သာရေးအဖွဲ့က ပြောင်းရွှေ့ခြင်းဖြစ်သည်။

-------------------

Unicode:



နိရဉ်စရာ၊ မေ ၇/၂ဝ၂ဝ













ဆက်စပ် သတင်းများ