အိမ်စိုးဖြူ
နိရဥ္စရာ၊ မေ ၈/၂၀၂၀
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တူမဖြစ်သူ ၁၀နှစ်အရွယ် မိန်းခလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူသည် ယမန်နေ့ ညနေက ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဦးမောင်ယေ(၃၄)နှစ် ဖြစ်ပြီး စစ်တွေမြို့အမှတ်(၂)ရဲစခန်းရှိ အချုပ်ခန်း၌ ယနေ့ညနေ ၆နာရီခန့်တွင် ကြိုးဆွဲချ သေဆုံးသွားကြောင်း အဓမ္မပြုကျင့်ရန် ကြံစည်ခံရသူ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက နိရဥ္စရာသတင်းဌာနအားပြောသည်။
“မောင်ယေကို အမှတ် ၂ ရဲစခန်းကိုခေါ်သွားတယ်။ကျွန်မယောက်ကျာ်းနဲ့မောင်ယေက ညီအစ်ကို တဝမ်းကွဲလေ။ ဒီညနေ မှာကြိုးဆွဲချပြီးသေသွားတယ်လို့သိ၇တယ်။ ကလေးအဖေက သွားကြည့်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
ကြံစည်ခံရသူကလေးငယ်မှာ ဆတ်ရိုးကျ ကယ်ဆယ်ရေး အကွက်(၁)တွင် မိဘများမှာ ဈေးရောင်းရန် နံနက်အစောကြီးနေအိမ်မှ ထွက်သွားပြီး နောက် ၎င်းမိန်းကလေးငယ်မှာ အိပ်ကျန်နေခဲ့ကြောင်း၊ နံနက် ရ နာရီခန့်တွင် ဦးလေးတော်စပ်သူ ဦးမောင်ယေ ရောက်လာပြီး လူကြီးများမရှိသဖြင့် ကလေးအိပ်နေသည့် ခြင်ထောင်ထဲသို့ အဝတ်မဲ့ဝင်ရောက်ပြီး လည်ပင်းညစ်၍ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်ကြံစည်ခြင်း ဖြစ်ကြောင်း ကလေးငယ်၏ မိခင်ကပြောသည်။
ဆတ်ရိုးကျကယ်ဆယ်ရေးအကွက်(၁) တာဝန်ခံဦးမောင်သာဦးက “ ကလေးကို ကြံစည်ပြီးထွက်ပြေးတာကို လူတွေလိုက်ဖမ်းတယ်။ ရဲတွေလည်းပါတယ်လို့ကြားတယ်။ အမှတ်(၂) ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ ညနေက သေတယ်ဆိုလို့စခန်းသွားကြည့်ပါတယ်။အခုမှစခန်းကရောက်တာ။ အလောင်းကို စစ်တွေ ဆေးရုံကို ယူသွားပါတယ်” ဟု ယမန်နေ့ ညနေ ၆ နာရီခွဲခန့်ကပြောသည်။
ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖိုးသန်းစိန်က “ဖြစ်တာတော့ကြားလိုက်တယ်။ ကျွန်တော်လိုက်သွားတော့မရှိတော့ဘူး။ ရဲစခန်းကိုခေါ်သွားတယ်လို့သိရတယ်။ ကျန်တာ ဘာမှ မသိ၇ဘူး” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ယနေ့ည ၆ နာရီ၁၈ မိနစ်ခန့်က စစ်တွေမြို့အမှတ်(၂)ရဲစခန်းသို့ နိရဥ္စရာမှ မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ဦးမောင်ယေအားဖမ်းဆီးထားသည်မှာဟုတ်မှန်ကြောင်း၊ သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ၄င်းအမှုစစ် အရာရှိမှာ စခန်းအပြင်သို့ရောက်နေသဖြင့် တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိကြောင်းဖြေဆိုသည်။
-------------------
Unicode:
အိမျစိုးဖွူ
နိရဉ်စရာ၊ မေ ၈/၂၀၂၀