နိရဥ္စရာ၊ မေ ၁၀/ ၂၀၂၀
မြန်မာနိုင်ငံ အနောက်ဘက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗို ၁၉ ကပ်ရောဂါ ကူးစက်ခံနေရသည့် ရဲတပ်ဖွဲ့ ဝင် ဦးရေမှာ ၁၅၀၉ ဦးရှိသွားပြီဟု သိ၇သည်။
ထိုအထဲတွင် ရဲတပ်ဖွဲ့ဝင် ၇၀၈ ဦးမှာ ဒက္ကားမြို့တော်မှ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ရှိ အချိန်ထိ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းမှာ ခြောက်ဦးရှိသွားပြီဟု ဆိုသည်။
ရဲသား ၂၈၇၀ မှာ ကွာရင်တင်း ဝင်နေရပြီး လက်ရှိ ဆေးရုံတွင် တက်ရောက် ကုသနေရသူ ရဲတပ်ဖွဲ့ဝင်ပေါင်းမှာ ၄၄၆ ဦးရှိကြောင်း၊ ပြန်လည် ကျန်းမာလာသူမှာ ၁၁၀ ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလာဒေ့ရှ်တွင် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ နေ့စဉ် မြင့်တက်နေပြီး ယနေ့ တနင်္ဂနွေနေ့ထိ သေဆုံးသူ ၂၂၈ ဦး၊ ရောဂါ ကူးစက်ခံနေ၇သူ ၁၄၆၅၇ ဦး၊ ပြန်လည် နာလန်ထူလာသူ ၂၆၅၀ ဦးရှိကြောင့် အင်္ဂလိပ်လိုထုတ်သည့် ဘင်္ဂလာဒေ့ရှ်မှ The Independent သတင်းတွင် ဖော်ပြထားသည်။
---------------------
Unicode:
နိရဉ်စရာ၊ မေ ၁၀/ ၂၀၂၀