အိမ်စိုးဖြူ
နိရဥ္စရာ ၊ မေ ၁၁ / ၂၀၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ၇ခိုင်အမျိုးသားပါတီ (ANP) ပါတီ ဒုဥက္ကဋ္ဌ (၁) အပါအဝင် လူ ၃ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် တောင်ကုတ်မြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူကြောင်းသိ၇သည်။
ဖမ်းဆီးခံ၇သူများမှာ တောင်ကုတ်မြို့နယ် ANP ပါတီ ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေ တို့ဖြစ်သည်။
၄င်းတို့အမှုအားလိုက်ပါ ဆောင်ရွက်ပေးသူ တောင်ကုတ်မြို့နယ် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီအောင်က “ ကိုဇေယျကျော်နဲ့ ဦးစန်းငွေတို့ နှစ်ယောက်ကို ဘူးရွှေမော်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ ပေ့ချ်က ပို့စ်တင်လို့ ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ချုပ်၇မန်တောင်းခံပါတယ်ဆိုပြီး ဒီလ ၂၄ ရက်နေ့ထိ ရမန်ယူထားတယ်။ ကိုဇေယျကျော်တို့ကို ကျမတို့ မနေ့ကတောင်ကုတ်မြို့မ ရဲစခန်းမှာ သွားတွေ့တော့ သူတို့စစ်ဆေးမေးမြန်းတာ မပြီးသေးဘူးဆိုပြီး တွေ့ခွင့်မ၇ခဲ့ဘူး။ ဒီနေ့ ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်းကို ဒီမနက် ၉ နာရီကျော်လောက်ကဖမ်းပြီး သူတို့ ၃ ဦးကို အတူတူ ချုပ်ရမန်ယူသွားတာပါရှင်။ သူတို့ ၃ယောက်က တစ်မှုတည်းပါ” ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။
၄င်းတို့ ၃ ဦးအားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(က)ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က ချုပ်၇မန်ယူကြောင်း ၄င်းကဆက်ပြောသည်။
တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဖေကြွယ်က ဦးဝေသောင်းဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း မည်သည့် ကိစ္စကြောင်းဖမ်းဆီးခံရသည်ကို သိရှိခြင်းမရှိသေးကြောင်း စောင့်ကြည့်နေကြောင်း ပြောသည်။
“ဦးဝေသောင်းကိုဒီနေ့ သူ့နေအိမ်ကနေခေါ်သွားတာပါ။ ဘာလို့ခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ မိသားစုကလည်း ဘာကြောင့်ခေါ်တာကိုမသိဘူးလို့ပြောတယ်။ လောလောဆယ်တော့ ဦးလေးတို့ အနေနဲ့ ပြောဖို့စကားမရှိသေးဘူး” ဟု ဦးဖေကြွယ်ကပြောသည်။
ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်အေးနုစိန်က မည်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်းပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့မ ရဲစခန်းအား နိရဥ္စရာသတင်းဌာနမှဆက်သွယ်ရာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိခဲ့ပါ။
တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးဇေယျကျော်အား ရဲတပ်ဖွဲ့မှ မေလ ၉ရက်နေ့ညနေ ၃ နာရီခွဲတွင် နေအိမ်မှ ခေါ်ဆောင်သွားပြီး ဦးစန်းငွေအား မေလ ၁၀ ရက်နေ့ညနေ ၆ နာရီခန့်က ဆံပင်ညှပ်ဆိုင်မ ှဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိ၇သည်။
-------------------
Unicode:
အိမျစိုးဖွူ
နိရဉ်စရာ ၊ မေ ၁၁ / ၂၀၂၀