အိမ်စိုးဖြူ
နိရဥ္စရာ၊ မေ ၁၄/၂၀၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အကြမ်းဖက်မှုနှင့် တရားစွဲဆို ခံထားရသည့် မြို့နယ် ၇ခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ၊ စည်ပင်ဥက္ကဋ္ဌ အပါအဝင် လူ ၃ ဦးနှင့် ရမန်ယူသွားသည့် နေ့ကတည်းက စပြီး အဆက်အသွယ် မရဘဲ ဖြစ်နေသဖြင့် မိသားစုဝင်များမှ စိုးရိမ်နေကြ၇သည်ဟု ပြောဆိုသည်။
တောင်ကုတ်မြို့နယ် စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်၏ဇနီးဖြစ်သူ ဒေါ်ဟန်စုလှိုင်က “စခန်းကနေ ရန်ကုန်ကို ခေါ်သွားတယ်လို့ကြားရတယ်။ ရမန် ထုတ်လာတဲ့နေ့က သူတို့ကတောင်ကုတ်မှာ ထားမယ့် ပုံစံပြောတယ်။ ကျွန်မတို့က တောင်ကုတ်မှာ ထားမယ်ထင်ပြီး စိတ်ချလက်ချက် အိမ်ကိုပြန်လာတဲ့အချိန် ခေါ်သွားတာပါ။ ကိုဇေယျကျော်ရဲ့ အသိမိတ်ဆွေတစ်ယောက်က အဲဒီနားမှာစောင့်ကြည့်နေတာမှာ သိရတာပါ။ စိုးရိမ်တာက အတိုင်းအလွန်ပါ။ ဘယ်ရောက်လို့၊ ဘယ်လိုဖြစ်ပျက်နေမှန်း မသိတော့ ပြောမပြတတ်အောင် စိုးရိမ်ပါတယ်” ဟုပြောသည်။
တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ(၁) ဦးဝေသောင်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့အား မေလ ၁၁ ရက်နေ့က ချုပ်ရမန်ယူခဲ့ကာ တောင်ကုတ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းယနေ့ မေလ ၁၃ ရက်နေ့ အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်များကပြောသည်။
သူတို့အား ရမန်ယူပြီးနောက် ရန်ကုန်သို့ ချက်ချင်ဒခေါ်သွားသည်ဟု သတင်း၇ကြောင်း မိသားစုများက ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ တောင်ကုတ်မြို့နယ်ရဲမှူးသန်းနိုင်သို့ ဆက်သွယ်ရာ လုံခြုံရေး အရဟုဆိုကာ ဖြေဆိုရန် ငြင်းဆိုသည်။
“အဲဒါက စစ်ဆေးနေတုန်းမို့လို့ပြောပြလို့မရသေးဘူး။ နောက်မှ လိုအပ်မှ၊ ပြောပြလို့ရတဲ့အခါ ပြောပြမယ်နော်။ လုံခြုံရေးအရ ဘာမှပြောလို့မ၇သေးဘူး”ဟု ပြောသည်။
၎င်းတို့ ၃ ဦးအနက် ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့အား ဘူးရွှေမော်တွင် လူတချို့ကို ရဲအယောင်ဆောင် များက ဖမ်းဆီးရန် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖေ့စ်ဘုတ် လူမှု စာမျက်ပေါ်မှ ဖော်ပြခဲ့သဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟုသိရှိရပြီး တောင်ကုတ်မြို့နယ် ANP ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝေသောင်းအား မည်သည့် အတွက် ဖမ်းဆီးခြင်းအား သိရှိခြင်း မရှိသေးကြောင်း သိ၇သည်။
၎င်းတို့ ၃ ဦးအား မေလ ၁၁ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀(က)ဖြင့် တောင်ကုတ် မြို့နယ် တရားရုံးတွင် အမှုဖွင်ခဲ့ပြီး မေလ ၂၄ ရက်နေ့ထိချုပ်ရမန်ယူခဲ့ကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။
-----------------------
Unicode:
အိမျစိုးဖွူ
နိရဉ်စရာ၊ မေ ၁၄/၂၀၂၀