ဘင်္ဂလာဒေ့ရှ်၊ ကော့စ်ဘဇားရှိ မြန်နိုင်ငံမှ မူဆလင်ဒုက္ခသည်နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိ


နိရဥ္စရာ၊ မေလ ၁၄/ ၂ဝ၂ဝ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင် ဒုက္ခသည်များ ခိုလှုံရာ ဒုက္ခသည်စခန်းမှ လူနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိကြောင်း Ukhiyanews တွင် ယနေ့ ညနေ ၆ နာရီ ၅၈ မိနစ်တွင် သတင်း စတင်ဖော်ပြသည်။ 

၎င်းဒုက္ခသည် စခန်းများတွင် ယခင်က တစ်ဦးတစ်ယောက်တွင်မှ ၎င်းရောဂါပိုးတွေ့ရှိခဲ့ခြင်း မရှိဘဲ ယခု တွေ့ရှိမှုမှာ ပထမဆုံး ဖြစ်သည်ဟု သတင်းဖော်ပြသည်။ 

ကော့စ်ဘဇားဆေးကောလိပ် ( Medical College)မှ ကျောင်းအုပ်ဆရာကြီး Anupam Barua က ယနေ့တွင် ယင်းတွေ့ရှိမှုကို အတည်ပြုသည်။ နှစ်ယောက်စလုံးမှာ အမျိုးသားများဖြစ်ကြသည်ဟု သိရသည်။ သို့သော်လည်း ဘင်္ဂလာဒေ့ရှ် အစိုးရကမူ ၎င်းဒုက္ခသည်နှစ်ဦးမည်သည့် ဒုက္ခသည် စခန်းမှ ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဟုဆိုသည်။ 

၎င်းဆေးကောလိပ် ကျောင်းအုပ်ဆရာကြီးမှ ကော့စ်ဘဇားခရိုင်အတွင်း လူ ၁၆ ဦး၏ သွေးနမူနာများကို ယနေ့ ကြာသပတေးနေ့တွင် ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ၁၂ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ထိုအထဲတွင် နှစ်ဦးမှာ မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည် စခန်းမှ ဖြစ်သည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံနှင့် ကပ်ရပ်တည်ရှိနေသည့် ကော့စ်ဘဇားခရိုင်တွင် ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်ခံခဲ့ရသူ ယနေ့ အချိန်ထိ ၁၂၃ ဦးရှိပြီး ယင်းအထဲမှ တစ်ဦးသေဆုံးပြီး ၂၄ ဦးမှာ ပြန်လည် ကျန်းမာရေး ကောင်းလာခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ 

ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင် ယမန်နေ့ တစ်နေ့တည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိခဲ့ပြီး၁၁၆၂ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ လက်ရှိ အချိန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ၂၈၃ ဦးသေဆုံးပြီး ရောဂါပိုးတွေ့သူ ၁၈၈၆၃ ဦး ကူးစက်ခံနေရကြောင်း၊ ၎င်းအထဲမှ ၃၃၆၁ ဦး ပြန်လည် ကောင်းမွန်လာသည်ဟု The Daily Star  တွင် သတင်းဖော်ပြထားသည်။ 

2 Rohingyas are affected by Corona

---------------------------- 

Unicode:


နိရဉ်စရာ၊ မလေ ၁၄/ ၂ဝ၂ဝ 








2 Rohingyas are affected by Corona


Share: