နီမင်းထွန်း
နိရဥ္စရာ၊ မေ ၁၅/၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးတွင် ယနေ့ မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် တစ်နှစ်ကျော်ကြာ အကြမ်းဘက်မှု ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ဈ)တို့ဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ကျောက်တန်းကျေးရွာသား ၆ ဦး စွဲချက်မတင်မီ လွှတ်မြောက်လာကြောင်း သတင်းရရှိသည်။
လွှတ်မြောက်လာသူများမှာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ မောင်ထွန်းမင်းနိုင်(၂၀)နှစ်၊ မောင် ညီညီထွေး(၂၂)နှစ်၊ မောင် မောင်နိုင်(၂၈)နှစ်၊ မောင် ဦးမြင့်ထွန်း(၂၇)နှစ်၊ မောင်စိုးဝင်းကျော်(၂ရ)နှစ်နှင့်ကို မောင်ငြိမ်းရွှေ(၂၀)နှစ်တို့ဖြစ်သည်။
၄င်းအမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် စစ်တွေခရိုင်ရှေ့နေများအသင်းမှဒုဥက္ကဌ တရားလွှတ်တော်ရှေ့ ဦးစိုးလှိုင်က “သူတို့ကို စွဲချက်တင်နိုင်လောက်တဲ့ ငြိမ့်စွန်းချက်မရှိလို့ တရားရှင် လွှတ်ပေးလိုက်တာ ဖြစ်တယ်”ဟုပြောသည်။
၄င်းတို့ကို ၂၀၁၉ ခုနှစ် မေလ ပထမအပတ်က ကျေးရွာစာသင်ကျောင်းတွင် အစည်းအဝေးလုပ်ပြီး မြန်မာ့တပ်မတော်က ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်သည်။ စစ်ဆေးနေစဉ်အတွင်းမှာလည်း ရိုက်နှက်ခံရပြီး ထောင်ထဲတွင်လည်း စားဝတ်နေရေး အခက်အခဲကြုံခဲ့ရသည်ဟု လွှတ်မြောက်လာသည့် ကိုမောင်ငြိမ်းရွှေကပြောသည်။
“ဖမ်းဆီးခံရတဲ့အချိန်မှာ ကျနော်တို့ကို စစ်ဆေးတယ်။ AA နဲ့ဆက်စပ်လားလို့မေးတယ်။ ကျနော်တို့ကို မျက်လုံးကို အဝတ်နဲ့စည်းချည်တယ်။ လက်ကိုလည်းနောက်ပြန်ကြိုးချည်ထားပြီး ကျနော်တို့ကို ရိုက်တယ်။ ထောင်ထဲမှာလည်း စားဝတ်နေရေး ဒုက္ခရောက်ခဲ့တယ်” ဟုပြောသည်။
သားဖြစ်သူဖမ်းဆီးခံခဲ့ရသည့်အချိန်တွင် ဒုက္ခအမျိုးမျိုးရောက်ခဲ့ပြီး စီးပွားရေးများလည်း ဆုံးရှုံးသွားခဲ့သည်ဟု လွှတ်မြောက်လာသည့် ကို မောင်ငြိမ်းရွှေ၏ မိခင်ဖြစ်သူ ဒေါ် ရီရီစိုးကပြောသည်။
“သူကိုဖမ်းသားတွဲအချိန်မှာ အခက်အခဲမျိုးမျိုးရောက်ခဲ့တယ်။ ဒီကိုလာရတဲ့အခါမှာလည်း ငွေကြေး အခက်အခဲရှိတယ်။ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ထောင်ဝင်စာသွားပေးရင်လည်း ကိုယ်ပေးချင်တာ မပေးရဘူး။ အခုလိုအကြာကြီးဖမ်းဆီးခံခဲ့ရတဲ့အတွက် လုပ်စားဖို့လို့လည်းမရဘူး။ စီးပွားရေးတွေ ဆုံးရှုံးသွားတယ်။ AA နဲ့ဖြစ်တဲ့အထဲမှာ အခုလို အပြစ်မရှိတဲ့အရပ်သားတွေ မခံ၇စေချင်ဘူး”ဟု ပြောသည်။
၄င်းတို့နှင့်အတူ ဖမ်းဆီးတရားစွဲခံ၇သည့်ထဲတွင် အသက် ၁၈ နှစ်မပြည့်သည့် လူငယ်နှစ်ဦးလည်းပါဝင်နေပြီး ၄င်းလူငယ်နှစ်ဦးသည် ကလေးသူငယ်အခွင့်အရေးဖြင့် အာမခံရပြီးယနေ့အထိ အပြင်မှနေ၍ အမှုရင်ဆိုင်၇သည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာစာသင်ကျောင်းတွင် ၂၀၁၉ခုနှစ် မေလ ၂ ရက်နေ့က တပ်မတော်မှ ရွာသား ၂၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ပတ်ခတ်မှု ဖြစ်ပွား၍ ရွာသား ၈ ယောက်သေဆုံးပြီး ရ ယောက်ဒဏ်ရာ၇သွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းတွင် အကြမ်းဘက်ဥပဒေပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံရသည့် အရပ်သား ၅၀၀ ကျော်ရှိကြောင်း သတင်းဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းအရသိ၇သည်။
----------------------------------
Unicode
နိရဉ်စရာ၊ မေ ၁၅/၂၀၂၀