နိရဥ္စရာ၊ မေ ၁၈/၂၀၂၀
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် နေ့စဉ် သေဆုံးမှုနှုန်းနှင့် ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း (တနင်္လာနေ့ထိ) ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁ ဦးထိ ရှိခဲ့ပြီး ၁၆၀၂ ဦးတွင် ထပ်မံ ရောဂါပိုးတွေ့ရှိခဲ့သည်။
မေလ ၁၈ ရက်နေ့ထိ ရောဂါ ကူးစက်ခံနေ၇သူပေါင်းမှာ ၂၃၈၇၀ ထိ သေဆုံးသူပေါင်းမှာ ၃၄၉ ထိရှိလာခဲ့သည်ဟု ဆိုသည်။ ပြန်လည် ရောဂါမှ သက်သာလာသူမှာ ၄၅၈၅ ဦးရှိသည်ဟု သိ၇သည်။
ယနေ့ တနင်္လာနေ့ နံနက်ထိ ကမ္ဘာတစ်ဝန်း ကိုရိုနာရောဂါကြောင့်သေဆုံးသူမှာ ၃၁၆၆၇၁ ဦးရှိသွားပြီ ဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၄၈၀၁၈၇၅ ဖြစ်ကြောင်း The Independent တွင် သတင်း ဖော်ပြထားသည်။ (ဓာတ်ပုံ- ဆင်ဟွာ)
Bangladesh reports single-day highest 21 deaths from Covid-19