Preview

မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်ကို ဝင်ရောက်စစ်ဆေး

မေ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :7755
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်အတွင်းသို့ မသင်္ကာသူ ၁၃ ဦးရောက်ရှိနေသည်ဟုဆိုကာ တပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ မနက် ၉ နာရီ အချိန်လောက်မှ စ၍ ညနေ ၃ နာရီကျော် အချိန်အထိ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ဦးစိုးတင့်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက“ ရပ်ကွက်မှာ မသင်္ကာသူ ၁၃ ဦး ရှိနေတယ်ဆိုပြီး စခန်းမှူးက ကျနော်တို့ရပ်ကွက်ကို စာရင်းလာပေးတယ်လို့ သိရပါတယ်။ သူတို့ကို စစ်ဆေးဖို့အတွက် လိုက်ရှာနေတယ်လို့ သိရတယ်။ ကျနော်ကလည်း ရပ်ကွက်မှာမရှိဘူး။ အလုပ်ကိစ္စတစ်ခုနှင့် တစ်ခြားနယ်တစ်ခုရောက်နေတယ်” ဟုပြောသည်။

ရှာဖွေ စစ်ဆေးရာတွင် တပ်မတော်သား ၅၂ ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ၁၀ ဦးပါရှိပြီး လမ်းဆုံလမ်းခွများနှင့် စာသင်ကျောင်း အနီး လုံခြုံရေးယူကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းပြောသည်။

အဆိုပါ ရပ်ကွက်မှ လုံခြုံရေးအ၇ အမည်မဖော်လိုသော ဒေသခံတစ်ဦးက“သူတို့က ညနေ ၃ နာရီကျော်အထိ စစ်ဆေးခဲ့တယ်။ သူတို့ မသင်္ကာတဲ့ နေအိမ် လေးငါးဆောင်လောက်ကို ဝင်ပြီးတော့ စစ်ဆေးခဲ့တယ်။ ညနေပိုင်းတော့ စစ်ဆေးတာ မရှိတော့ပါ။ တပ်ထဲကို ပြန်သွားကြပါပြီ”ဟု ပြောသည်။

ဒေသခံများအနေဖြင့် ထပ်မံ၍ ရပ်ကွက်အတွင်းဝင်ရောက်စစ်ဆေးလာမည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်သို့ ဆက်သွယ်ရာ ၎င်းက “ သတင်းတော့ ကြားပါတယ်။ ဦးစောတင့်ရပ်ကွက်ကို ဝင်စစ်ဆေးတယ်ဆိုတာ။ ကျွန်တော်လည်း စစ်တွေကို လွှတ်တော်တက်ဖို့ ရောက်နေတော့ အသေးစိတ်တော့ မသိ၇သေးဘူး” ဟု ပြောကြားသည်။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.