Preview

အမ်ဖန်မုန်တိုင်းကြောင့် အိန္ဒိယတွင်အနည်းဆုံး လူ၇၂ ဦးသေပြီး ဘင်္ဂလာဒေ့ရှ်တွင် ၉ဦးသေ

မေ ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :5226
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ မေ ၂၁/၂၀၂၀ (နိုင်ငံတကာ သတင်း)

အမ်ဖန်မုန်တိုင်း ဝင်ရောက်တို်က်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံတွင် အနည်းဆုံး လူပေါင်း ၇၂ ဦးသေဆုံးပြီး ဘင်္ဂလာဒေ့ရှ်တွင် ၉ ဦးသေဆုံးကြောင်း သတင်းရရှိသည်။ 

Reuters သတင်းဌာနမှ အနောက်ဘင်္ဂလာပြည်နယ် ဝန် ကြီးချုပ်ကို ကိုးကားပြီး သတင်းဖော်ပြရာတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိသည့် ပင်လယ်ကမ်းခြေ တစ်လျှောက်ကို အင်အား အလွန်ပြင်းသော မုန်တိုင်း ဝင်ရောက် တိုက်ခိုက်မှုကြောင့် အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းတွင် အနည်းဆုံး လူ ၇၂ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။ 

၎င်းမုန်တိုင်းသည် အနောက်ဘင်္ဂလာပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ဝင်တို်က်ခဲ့ပြီး မုန်တိုင်းကြောင့် ကျေးရွာများပြိုပျက်ခဲ့ပြီး လျှပ်စစ်တာဝါတိုင်များလဲပြိုခြင်းနှင့် နေရာအများအပြားကို ရေလွှမ်းမိုးသွားခဲ့သည်ဟု ဆိုသည်။  

အနောက်ဘင်္ဂလာ ပြည်နယ်ဝန်ကြီးချုပ် Banerjee က သေဆုံးသူ ၇၂ ဦးရှိခဲ့ပြီး အများစုမှာ လျှပ်စစ်လိုက်ပြီး သေဆုံးခဲ့သလို သစ်ပင်လဲကျရာမှ ပိပြီး သေဆုံးခဲ့၇သည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်ထုတ် The Daily Star သတင်းတွင် ယနေ့ နံနက် အစောကြီးအချိန်က ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘင်္ဂလာဒေ့ရှ် အနောက်တောင်ပိုင်း ခရိုင် ၇ ခုမှ လူပေါင်း ၉ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

(Photo by The Daily Star) 


#သဘာဝဘွှေးန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.