အိမ်စိုးဖြူ
နိရဥ္စရာ၊ မေ ၂၂/ ၂၀၂၀
၇ခိုင်ပြည်နယ်၊ သံတွဲမြို့တွင် တစ်ဦးနှင့် တောင်ကုတ်မြို့တွင် တစ်ဦတို့ကို မေလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့က အသီးသီး တွေ့ရှိခဲ့ပြီး ယင်းနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိခဲ့သူမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အ၇ သိသည်။
၇ခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့တွင် မေလ ၂၀ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူ တစ်ဦးတွေ့ရှိသည်ဟု ထွက်ပေါ်လာသော်လည်း ၎င်းသတင်းမှာ သတင်းမှားဖြစ်ကြောင်း သိ၇သည်။
လက်ရှိ မေလ ၂၂ ရက် နံနက် အချိန်ထိ ကိုရိုနာရောဂါ ကူးစက်ခံထားရသူ တိုင်းနှင်ပြည်နယ် အလိုက် စာရင်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၅၆ ဦး၊ ပဲခူး ရ ဦး၊ စစ်ကိုင်း ရ ဦး၊ ချင်း ရ ဦး၊ ရှမ်း အရှေ့ ၃ ဦး၊ မန္တလေး ၃ ဦး၊ ရှမ်းတောင် ၂ ဦး၊ ရှမ်းမြောက် ၂ ဦး၊ နေပြည်တော် ၂ ဦး၊ ကရင် ၂ဦး၊ မကွေး ၂ဦး၊ ၇ခိုင် ၂ ဦး၊ မွန် ၁ ဦး၊ ကချင် ၁ ဦး၊ တနင်္သာရီ ၁ ဦးနှင့် ဧရာ၀တီ ၁ ဦး တို့ ဖြစ်ကြပြီး ကယား ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ မရှိပါ။
မေလ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် စုစုပေါင်း (၂၅၃) ခုကို စစ်ဆေး ပြီးစီးခဲ့ရာ - COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးတွေ့ရှိခဲ့၇သော်လည်း မေလ ၂၁ ရက်နှင့် ၂၂ ရက် နံနက် ရ နာရီထိ ပိုးတွေ့လူနာ ထပ်မံတွေ့ရှိခြင်း မရှိသေးကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိ၇ပါသည်။
မေလ ၂၀ ရက်နေ့က ရောဂါပိုး ရှိသူ ၆ ဦးတွေ့ရှိခဲ့သော်လည်း ယင်းတို့မှာ ယူအေအီးနိုင်ငံမှ ပြန်လာသူများဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့ မေလ ၂၂ ရက်နေ့၊ နံနက် ရ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အ၇ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦး၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး၊ ပို့တွေ့၍ သက်သာလာသူ ၁၀၈ဦး၊ ဓာတ်ခွဲစစ်ဆေးသူ ၁၆၅၅၀ဦးနှင့် စောင့်ကြည့်လူနာ ၄၅၂၅ ဦးရှိကြောင်း သိရှိ၇ပါသည်။